Mar 19, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ ဓာတ်အားစနစ်ကာကွယ်ရေးနှင့် လျှပ်စစ်စမ်းသပ်ရေးဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မီတာများ စမ်းသပ်စစ်ဆေးမှုအဆင့်ဆင့်ကို လိုက်လံရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မီတာများ မှန်ကန်စွာ တပ်ဆင်အသုံးပြုနိုင်ရေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Mar 19, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၏ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ ဆေးပဒေသာပင်သို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများရှိ ဝန်ထမ်းများက လှူဒါန်းသော အလှူငွေကျပ် ၇၇၀၀၀၀၀ ကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ တပ်မှူး ဗိုလ်မှူးချုပ် အောင်မြတ်ကျော်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
Mar 18, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် မန္တလေးနန်းမြို့ရိုး တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ထင်ရှားပြာသာဒ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Mar 18, 2024
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ခံများနှင့် တာဝန်ရှိသူများက ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
Mar 18, 2024
(၂၈)ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ကျင်းပရာ သုတေသီများ၊ ပညာရှင်များ၊ ဇေယျာသီရိနှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများတက်ရောက်၍ လယ်ယာထွက်ကုန်သီးနှံများ၏ စျေးကွက်အလားအလာများကို ဆွေးနွေးကြသည်။
Mar 18, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ သုတေသနအဆိုပြုလွှာများ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုအားပေးကာ နိုင်ငံ့ရေရှည်အကျိုးစီးပွားဖော်ဆောင်နိုင်မည့် သုတေသနများကို ဆောင်ရွက်ရန်နှင့် ပြည်သူ့အကျိုးသယ်ပိုးနိုင်သော လူငယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
Mar 16, 2024
ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ၏ ပေါင်းသတ်ဆေး ငါးမျိုးအပေါ် ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 16, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ CMP အထည်ချုပ်လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့်တွေ့ဆုံသည်။
Mar 16, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ခံညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ဗန်းမော်ကျောင်းတိုက်သို့ ရောက်ရှိပြီး ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြုလုပ်မည့် ဝိဇ္ဇာစရဏကျောင်းဆောင်တော်သို့ သွားရောက်၍ ပြတိုက်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပြတိုက်တွင် ပြကွက်အလိုက် ခင်းကျင်းပြသမည့် လုပ်ငန်းများ၊ ပြသပစ္စည်းများအတွက် ဆေးအရောင်အသွေး၊ မီးအလင်းပေးမှု စီစဉ်ဆောင်ရွက်နေမှုများကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Mar 14, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရေစီမံခန့်ခွဲမှုပညာရှင် Dr. Massimo Sarti နှင့် ပူးပေါင်း၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရေလမ်းကြောင်းချိတ်ဆက်မှုများ၊ ပုဂံခေတ်ရေလမ်းကြောင်းများ၊ ရှေးဟောင်းရေကန်များ ဆယ်ယူထိန်းသိမ်းမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Mar 12, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာသို့ သွားရောက်ပြီး နှမ်းရိုးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်နေသော အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မကွေး၊ အောင်လံ၊ ဆင်ပေါင်ဝဲနှင့် တောင်တွင်းကြီး မြို့နယ်သမဝါယမအသင်းစုများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Mar 12, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် တမာပင်ကျေးရွာအနီး မကျီးရိုးရေလွှဲဆည်လက်ဝဲမြောင်းရေသောက်စနစ်၊ တောင်သူများ စီးပွားဖြစ်စိုက်ပျိုးထားသော သခွားမွှေးစိုက်ခင်းနှင့် တမာပင်ကျေးရွာရှိ ပုဂ္ဂလိကဥစားကြက် မွေးမြူရေးခြံတို့ကို ကြည့်ရှုအားပေးပြီး ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် အကြံပြုဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Mar 11, 2024
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။
Mar 10, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုခန်းမ၌ ကျင်းပသော ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနည်း သင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
Mar 09, 2024
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏(၇၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြဝတီစင်တာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
Mar 08, 2024
နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် ပညာရှင်များ မွေးထုတ်ပေးလျက်ရှိသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ နှစ် (၁၀၀) ပြည့် အခမ်းအနားကို အသွင်သဏ္ဌာန်နှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေးနှင့် ရာပြည့်အထိမ်းအမှတ် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
Mar 08, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများအား တွေ့ဆုံ၍ လူငယ်ရေးရာနှင့် ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးမှာကြားသည်။
Mar 07, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန် ရှိသူများနှင့်အတူ မတ် ၄ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ် လေယာဉ်ကွင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပုသိမ်ကမ်းနားလမ်းတိုးချဲ့ခြင်း Bored pile အခြေပြုကွန်ကရစ် ဆိပ်ခံတံတား အလျား ပေ ၂၀၀ တည်ဆောက် ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 07, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘ ဝမြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီးဝလံများအား ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းလိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိ Sky Fruit Food Industry Co.,ltd ၏ စားသောက်ကုန် ထုတ်လုပ်မှုစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 07, 2024
မွေးမြူရေးထွက်ကုန်များ ပြည်တွင်း စားသုံးမှု ဖူလုံပိုလျှံစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အစည်းဝေးခန်းမ၌ ကျင်းပသည်။
