Skip to main content
Nov 28, 2023
ဆောင်းပါး
ကျွန်တော်တို့သည် ဦးနှောက်ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း (Left Hand Brain နှင့် Right Hand Brain) အကြောင်း ကောင်းစွာသိရှိဖို့လိုသည်။ သို့မှသာ Left Hand Brain နှင့် Right Hand Brain တို့၏ အားသာချက်၊ အားနည်းချက်များကို နားလည်နိုင်မည်ဖြစ်သည်။ ထို့နောက် Left Hand Brain မှ Right Hand Brain ပြောင်းလျှင်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ဆက်လက်နားလည်အောင်လေ့လာရပေမည်။ Left Hand Brain ဖြင့် အောင်မြင်ကျော်ကြားနေသော ကမ္ဘာကျော်ပုဂ္ဂိုလ်များ ဒုနှင့်ဒေးရှိသလို Right Hand Brain ဖြင့်အောင်မြင်ကျော်ကြားနေသော ကမ္ဘာကျော်ပုဂ္ဂိုလ်များလည်း ကျွန်တော်တို့ ကမ္ဘာပေါ်တွင် မရေမတွက်နိုင်အောင် ရှိပေသည်။
Nov 28, 2023
ဆောင်းပါး
မွှေးပျံ့သောရနံ့နှင့် ခါးဆိမ့်သောအရသာရှိသည့် ကော်ဖီတစ်ခွက်ကပင်ပန်းမှုကို ပြေလျော့စေသည်။ လန်းဆန်းမှုကိုဖြစ်စေသည်။ လူတန်းစားမရွေး၊ အချိန်အခါမရွေး ကော်ဖီကိုနှစ်သက်စွာ သောက်သုံးကြသည်။ အနံ့၊ အရသာထူးခြားပြည့်စုံသည့် မြန်မာ့ကော်ဖီကို ကာလာစုံ၊ ဒီဇိုင်းစုံ ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ပြည်တွင်းစားသုံးသူများ ရရှိနိုင်သည့်အပြင် ပြည်ပဈေးကွက်သို့လည်း တင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီးကော်ဖီကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့်တရုတ်နိုင်ငံများသို့ အများဆုံးတင်ပို့လျက်ရှိသည်။
Nov 27, 2023
တန်ဆောင်မုန်းလကို ပုဂံခေတ်ထိုး ကျောက်စာများတွင် “တန်ဆောင်မှုန်” ဟု ဝီသဇ္ဇနီ (ဝစ္စပေါက်) မပါဘဲရေးထိုးကြ၏။ “တန်ဆောင်မုန်း၊ တန်ဆောင်မှုန်း” အရေးအခေါ်နှစ်ရပ် ကွဲပြားသော် လည်း သဘောတူပင်ဖြစ်လေသည်။ အင်းဝခေတ်လောက်တွင် “တန်ဆောင် မုန်း” ဟု “မှုန်း”တွင် ဟထိုးဖျောက်၍ ရေးလာကြ၏။ ပုဂံခေတ်ကရေးခဲ့သော “ဖုရှား” “နပဲပင်” ဟု ရေးသော ဝေါဟာရ အချို့တွင် “ရှား” “နှံ” တို့၌ ဟထိုး ဖျောက်ကာ “ဖုရား” “နပဲပင်” ဟု ရေးလာကြလေသည်။
Nov 27, 2023
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်အရေးပေါ် အစည်းအဝေးက တစ်ပါတီစနစ်နှင့် ပါတီစုံစနစ်အနက် မည်သည့်စနစ်ကိုလိုလားကြောင်း ပြည်သူ့ဆန္ဒခံယူပွဲ မကျင်းပတော့ဘဲ ပါတီစုံစနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကို သုံးလအတွင်း ကျင်းပပေးရန်ဆုံးဖြတ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ လ ၁၁ ရက်နေ့တွင် ဦးဘဘေ၊ အငြိမ်းစားဘဏ္ဍာ တော်မင်းကြီးအပါအဝင် အဖွဲ့ဝင်လေးဦးဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နောက်ဆုံးမှတ်ပုံတင်ခွင့် ပြုထားသောနေ့ရက်အဖြစ် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီပေါင်းမှာ ၂၃၅ ဖွဲ့ဖြစ်ပါသည်။ ကော်မရှင်၏စိစစ်ချက်အရ တောတွင်းကွန်မြူနစ်များမှ ထူထောင်သည့်ပါတီများ NCGUB နှင့် ယှဉ်ပြိုင်အစိုးရအဖွဲ့များ၊ ပြည်ပြေးများ၊ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများနှင့် မိမိသဘောအလျောက် ပယ်ဖျက်ခဲ့ရသည့်ပါတီများ စုစုပေါင်း ၁၄၂ ပါတီ ဖျက်သိမ်းခဲ့ရသဖြင့် ၉၃ ပါတီသာ ကျန်ရှိခဲ့သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်း ၉၃ ဖွဲ့မှ ကိုယ်စားလှယ်လောင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၂၉၆ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းရွေးကောက်ပွဲ တွင် နိုင်ငံရေးပါတီ ၂၇ ပါတီမှ ၄၇၉ ဦးနှင့် တစ်သီးပုဂ္ဂလခြောက်ဦး စုစုပေါင်း ၄၈၅ ဦးတို့ ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရပါသည်။
Nov 26, 2023
သန့်ရှင်းကျန်းမာဘေးရန်ကင်းကွာ အစားအစာ
ကမ္ဘာ့နိုင်ငံတိုင်းတွင် အချဉ်ဖောက်ထားသော အစားအစာများနှင့် အဖျော်ယမကာများသည် လူ့အသိုက်အဝန်းတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အချဉ်ဖောက်ထားသော အစားအစာများသည် ရာစုနှစ်များစွာကတည်းကပင် မြန်မာ့ဟင်းလျာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ယခုအချိန်တွင်လည်း စားသုံးမှုများသော အစားအစာဖြစ်ပါသည်။ အမျိုးအစားအနေဖြင့် အချဉ်ဖောက်ထားသော အစားအစာများတွင် ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်း၊ အသားနှင့်ငါးတို့ပါဝင်ပြီး အချဉ်ဖောက်ထားသော အဖျော်ယမကာများတွင် အယ်လ်ကိုဟောပါဝင်သော အဖျော်ယမကာနှင့် အယ်လ်ကိုဟောမပါဝင်သော အဖျော်ယမကာဟူ၍ ထပ်မံခွဲခြားနိုင်ပါသည်။
Nov 26, 2023
ဆောင်းပါး
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဆိုပါက ရွေးကောက်ပွဲများကျင်းပ၍ ဆောင်ရွက်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတာဝန်များအတွက် ဆောင်ရွက်ကြမည့် ပါတီကိုယ်စားလှယ်များကို ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ကြခြင်းဖြစ်သည်။ ထိုသူများသည် နိုင်ငံတော်ကို စီမံအုပ်ချုပ်ကြရမည့်သူများ ဖြစ်ပါ သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲတစ်ခုသည် တရားမျှတပြီး လွတ်လပ်၍မှန်ကန်မှု ရှိစေရန်အရေးကြီးပါသည်။ ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အသက်ခန္ဓာများဖြစ်သဖြင့် နိုင်ငံသားတိုင်း အလေးထားကြစေလိုပါသည်။ မိမိတို့ရရှိသည့် နိုင်ငံသားအခွင့်အရေးဖြင့် ဆန္ဒပြုရွေးချယ်လိုက်သည့် တန်ဖိုးမှာ မိမိနိုင်ငံတော်၏ ကံကြမ္မာဖြစ်ကြောင်း ဦးစွာတင်ပြအပ်ပါသည်။
Nov 25, 2023
လောကကြီးမှာ အယူမမှား၊ အယူမှန်ဖို့က အရေးကြီးလှသည်။ အယူမှန်မှလည်း မှန်ကန်သော အကြံအစည်ဟူ၍ ဖြစ်ပေါ်နိုင်ပါသည်။ ကိလေသာတို့ကို ပယ်သတ်ပြီး နိဗ္ဗာန်သို့ လျှောက်လှမ်းရာမှာ ဒုက္ခကို ဒုက္ခမှန်းသိခြင်း၊ ဒုက္ခ၏အစ၊ ဒုက္ခချုပ်ကြောင်းနှင့် ဒုက္ခငြိမ်းရာ အမှန်လမ်းကို သစ္စာအမှန်အဖြစ်လည်းကောင်း၊ သမ္မာဒိဋ္ဌိဟူသော အယူမှန်ခြင်းကို မဂ္ဂင်ရှစ်ပါးမှာ အရေးအကြီးဆုံးတစ်ပါးအဖြစ်လည်းကောင်း ကျေးဇူးရှင်မြတ်စွာဘုရားက အတိအလင်းဟောတော်မူခဲ့သည်။
Nov 24, 2023
ဆောင်းပါး
တန်ဆောင်မုန်းလမှာ မြောက်လေဆော်သွေးလျက်ရှိပြီး ငွေနှင်းမှုန်တို့ရွှဲရွှဲစိုအောင် ကျနေတာကို မြင်ရတဲ့မြင်ကွင်းမှာ နုပျိုလှပနေပါတယ်။ ဗေဒင်အလိုအားဖြင့် တန်ဆောင်မုန်းလရဲ့ စန်းယှဉ်နက္ခတ်မှာ ကြတ္တိကာနက္ခတ်ဖြစ်ပြီး ကျီးတာရာကလည်း ထွန်းလင်းနေပါတယ်။ ရှေးအခါက“တန်ဆောင်မှုန်းလ”လို့ ခေါ်ဝေါ်ကြရာ “တန်ဆောင်”ဆိုသည်မှာ မီးတိုင်ကိုခေါ်ဆိုခြင်းဖြစ်ပြီး “မှုန်း”ဆိုတာက ခြယ်မှုန်းခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် “မီးတိုင်များ ပျံ့နှံ့ထွန်းလင်းသောလ”လို့ အဓိပ္ပာယ်ရရှိပြီး ကာလကြာတဲ့အခါ “တန်ဆောင်မုန်းလ”လို့ ပြောင်းလဲသွားပါတယ်။ အထိမ်းအမှတ် ပန်းမှာ ခဝဲပန်းဖြစ်ပါတယ်။ မုံရွေးဆရာတော်ကြီးရဲ့ ဆယ့်နှစ်လရာသီ မိုးဘွဲ့တွင် တန်ဆောင်မုန်းတွင်း ဆီးနှင်းတစ်ပြိုက် မိုးတစ်ပြိုက်လို့ ဆိုထားခဲ့ရာ ဆီးနှင်းများ ကျလိုက်၊ မိုးများ ရွာလိုက် ဖြစ်နေတတ်ပါတယ်။
Nov 24, 2023
လောကကြီးမှာ အယူမမှား၊ အယူမှန်ဖို့က အရေးကြီးလှသည်။ အယူမှန်မှလည်း မှန်ကန်သောအကြံအစည်ဟူ၍ ဖြစ်ပေါ်နိုင်ပါသည်။ ကိလေသာတို့ကို ပယ်သတ်ပြီး နိဗ္ဗာန်သို့လျှောက်လှမ်းရာမှာ ဒုက္ခကို ဒုက္ခမှန်းသိခြင်း၊ ဒုက္ခ၏အစ၊ ဒုက္ခချုပ်ကြောင်းနှင့် ဒုက္ခငြိမ်းရာအမှန်လမ်းကို သစ္စာအမှန်အဖြစ်လည်းကောင်း၊ သမ္မာဒိဋ္ဌိဟူသော အယူမှန်ခြင်းကို မဂ္ဂင်ရှစ်ပါးမှာ အရေးကြီးဆုံးတစ်ပါးအဖြစ်လည်းကောင်း ကျေးဇူးရှင်မြတ်စွာဘုရားက အတိအလင်းဟောတော်မူခဲ့သည်။
Nov 23, 2023
အကြောင်းခြင်းရာ စရရင်တော့ အသက် ၂၀ ဝန်းကျင် လူငယ်လုလင်နှစ်ဦး ဇာတ်ပွဲမိုးလင်းကြည့်ခဲ့တဲ့ အဖြစ်အပျက်ကို စတင်ပြောပြရမှာပဲ။ ရှေးအခါကာလ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ အချိန်ဆီက မာဂဓတိုင်း ရာဇဂြိုဟ်မြို့ကြီးမှာ အခုလို သီတင်းကျွတ်၊ တန်ဆောင်မုန်းအခါရာသီမျိုးဆိုရင် ကျွန်တော်တို့ဆီ မန္တလေးမြို့ကြီးမှာ ဘုရားပွဲ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ စင်တင်ဖျော်ဖြေပွဲတွေ ဆက်နေသလိုပဲပေါ့။ တောင်ငါးလုံး ကာရံထားသလို ဗဟိုအချက်အချာ ရာဇဂြိုဟ်မြို့ဟာလည်း တောင်ပေါ်က ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ပွဲလမ်းသဘင်တွေ အဆက်မပြတ် ပျော်ပွဲရွှင်ပွဲတွေ ပေါတယ်ဆိုပဲ။