Skip to main content

မကြာမီ ပြီးပါတော့မည်

သတင်းစာဆရာတစ်ဦး

ဆရာ”

“ဗျာ”

“ကျွန်တော်တို့ နွေဦးတော်လှန်ရေး ဘယ်တော့လောက် အောင်မြင် ပြီးဆုံးမလဲ ဆရာ”

“အမှန်အတိုင်း ဖြေရမလား”

“ဟုတ်ကဲ့။ အမှန်အတိုင်း သိချင်ပါတယ်”

“ဘယ်သောအခါမှ အောင်မြင်မှု မရနိုင်ပါဘူးကွယ်”

“ဘာဖြစ်လို့လဲ ဆရာ”

“မင်းတို့သိချင်လည်းသိမယ်။ မသိရင်လည်းမသိဘူး။ တကယ်တော့ တော်လှန်ရေးတစ်ရပ် အောင်မြင်တယ်ဆိုတာ (၁) ပြည်သူလူထု သို့မဟုတ် အလုပ်သမား၊ လယ်သမား လူတန်းစားတစ်ရပ်အတွက် တိုးတက်ကောင်းမွန်စေရမယ်ဆိုတဲ့ မွန်မြတ်တဲ့ ဦးတည်ရည်ရွယ်ချက် ရှိရပါတယ်။ (၂) အခုမင်းတို့ရဲ့ လက်နက်ကိုင်တိုက်ပွဲက ပြည်သူတစ်ရပ်လုံးအတွက် အကျိုးစီးပွားလည်းမပါသလို ငါတို့တိုင်းပြည်ရဲ့ အဓိကစိုက်ပျိုးရေးထုတ်ကုန်ကို လုပ်ဆောင်နေကြတဲ့ တောင်သူလယ်သမားအတွက် အကျိုးစီးပွားတိုးတက်ရေးလည်း ရည်ရွယ်ချက်ထဲမှာ တိတိကျကျ မပါဘူး”

“ဒါဆို ကျွန်တော်တို့ အသက်နဲ့ရင်းပြီး လက်နက်ကိုင်တိုက်ခိုက်နေရတာက ဘယ်သူ့အကျိုးအတွက် ရည်ရွယ်ချက်နဲ့လုပ်နေတာဖြစ်မလဲ ”

“ရှင်းရှင်းပြောရရင် ခေတ်သစ်နယ်ချဲ့ရဲ့ လက်ကိုင်တုတ် ရုပ်သေးဘဝကပြနေကြရတာပဲ”

“ဟာ ဟုတ်ရဲ့လားဆရာ၊ ဟုတ်ပါ့မလား”

“မယုံလို့ ရှေ့ဆက်လျှောက်လေလေ ရှေ့တိုးထမ်းပိုးနောက်ဆုတ် လှည်းထုပ်ဆိုတဲ့ နွားလှည်းမှာ တံပိုးတင်ပြီး ရုန်းနေရတဲ့ နွားတိရစ္ဆာန်ဘဝနဲ့ အတူတူပဲဆိုတာ သိမြင်လာရမယ်။ နဖားကြိုးထိုးခံထားရတယ်၊ ကြိမ်တုတ်နဲ့အရိုက်ခံရမယ်၊ နားရတဲ့အခါ ကောက်ရိုးလေးကျွေးပြီး ချောင်းရေကန်ရေလေး သောက်ချင်သောက်ရမယ်။ မိမိကိုယ်ကို နွားဘဝရောက်နေရတာ မသေမချင်း ခံပေဦး” “ကျွန်တော်တို့ နွေဦးတော်လှန်ရေးက ဘာလို့မအောင်မြင်နိုင်ဘူးလို့ ဆရာက အပြတ်ပြောနိုင်တာလဲ”

“ကိုယ်ပြောတာက နှစ်ပေါင်းများစွာ လူ့သမိုင်းကို စိတ်ဝင်တစားလေ့လာဆည်းပူးထားလို့၊ သမိုင်းနိယာမ သဘောတွေကို သိမြင်လို့ပြောတာ။ မင်းတို့ရဲ့ လုပ်ဆောင်ချက်ကောင်းခြင်း၊ မကောင်းခြင်းအပေါ်မူတည်ပြီး ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမရှိဘူး။ ဒီလမ်းကိုရွေးရင် ဒီလမ်းရဲ့အဆုံးနေရာတစ်ခုကို ရောက်မှာပဲ၊ ဘယ်လမ်းကို သွားနေတာလဲ”

“ကျွန်တော်တို့ ဘယ်လမ်းကို တကယ်တမ်းသွားနေပါသလဲ”

“အမှန်ပြောရရင် မပြန်လမ်းပေါ့ကွယ်”

“ဟုတ်လား”

“ဟုတ်တယ်။ မင်းတို့က ပထမလူတော့ မဟုတ်ဘူး။ ရှေ့မှာ မင်းတို့ထက် ရာဇဝင်ပြောင်တဲ့ လုပ်ဆောင်ချက်တွေကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးအတွက်ပါ လူငယ်နိုင်ငံရေးသမားဘဝက ပါဝင်လှုပ်ရှားခဲ့ကြသူများဖြစ်သော်လည်း ငါ့ပါတီမှ ငါ့ပါတီ၊ ငါအရေးမှ ငါအရေးဆိုတဲ့ အတ္တမာနအစွဲဝင်သွားလို့ လမ်းလွှဲတိမ်းချော်ကျသွားခဲ့ရသူတွေလည်းပါတယ်။ သင်ခန်းစာ မင်းတို့ယူရမှာ”

“ဘယ်သူတွေလဲ ဆရာ”

“သခင်စိုး၊ သခင်သန်းထွန်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်၊ ဗိုလ်ကျော်ဇော၊ သခင်နု (ပြည်ပြေးစင်ပြိုင်အစိုးရ)၊ စိန်ဝင်း စင်ပြိုင်အစိုးရ၊ ဟန်ညောင်ဝေ စင်ပြိုင်အစိုးရနဲ့ ယခုမင်းတို့အထက်က CRPH နဲ့ NUG ဆိုတဲ့ တရားမဝင် အစုအဖွဲ့တွေပဲ”

“ဟာ ရှေ့ကအဖွဲ့တွေ အများကြီးပဲ”

“ဟုတ်တယ် ညာတာလှိုင်းတာ လူတွေက အလွန်တပ်မက်တတ်တာ။ “သိုက်စာဖတ်ကာ ဥစ္စာရှာ၊ မကြာချမ်းသာ တွေ့နိုးနိုး” ဆိုတဲ့စကားလိုပဲ လူလိမ်လူညာတွေ ရေးထားကြတဲ့ သိုက်စာကိုဖတ်ပြီး သိုက်တူးကြတဲ့ သိုက်ရူးတွေရဲ့ ဘဝနဲ့အတူတူပဲ။ အညာခံကြရတာ”

“သိုက်ရူးဆိုတာ ဘာလဲဆရာ”

ရှေးအဆက်ဆက်က ကြွယ်ဝပြည့်စုံတဲ့ မင်းတွေ၊ မိဘုရားတွေ၊ သူကြွယ်သူဌေးတွေဟာ ရတနာရွှေအိုး၊ ငွေအိုးတွေကို မြေကြီးထဲ တစ်နေရာရာတူးမြှုပ်ပြီး ဖုံးကွယ်သိုဝှက်ထားခဲ့တယ်ဆိုပါစို့။ အဲဒါကို ထိုက်တဲ့လူရစေတော့လို့ မြေပုံညွှန်းရေးထားခဲ့တာ သိုက်စာလို့ခေါ်တယ်။ အကျယ်မပြောတော့ပါဘူး။ ဉာဏ်ကောင်းတဲ့ လူလည်လူနပ်တွေက နောက်လိုက်နောက်ပါ တပည့်တပန်းတွေ ယုံလောက်အောင် ဆွဲဆောင်ပြောဆိုပြီး သူထင်မှတ်တဲ့နေရာကို လူမသိသူမသိ ညဉ့်နက်သန်းခေါင်မှာ ပေါက်တူး၊ ပေါက်ပြား၊ တူးရွင်းတွေနဲ့ တူးကြဖော်ကြတော့တာပေါ့ကွာ။ ရတနာရွှေအိုး၊ ငွေဒင်္ဂါးသေတ္တာ စသဖြင့် တွေ့နိုးနိုး”

“တွေ့ကြမှာပေါ့”

“သိုက်တူးလို့၊ သိုက်ဖော်လို့ ချမ်းသာတဲ့လူဆိုတာ သူတို့ကပဲ သိုသိပ်လို့၊ လျှို့ဝှက်ကြလို့လားတော့မသိ။ အခုထိ ကိုယ်တော့ မတွေ့ဖူးသေးပါဘူး။ ဉာဏ်လည်း ထက်မြက်၊ အတွေးအခေါ်အယူအဆလည်း အသင့်အတင့်ရှိပေမယ့် ဖြတ်လမ်းက ချမ်းသာချင်တဲ့ လောဘဇောအလွန်တတ်တဲ့ လူစားကို သိုက်ရူးလို့ ခေါ်တာပဲ။ သိုက်စာနဲ့အောင်ပြီး ချမ်းသာတဲ့လူတော့ မရှိသလောက်ရှားပါတယ်။

“CRPH, NUG လူကြီးတွေကရော . . . .”

“တစ်ဦးချင်း ပုဂ္ဂိုလ်ရေးအရည်အချင်း ဘယ်သူ့ကိုမှ လေ့လာမထားမိလို့ သူတို့ရဲ့ခေါင်းဆောင်နိုင်စွမ်း ဘယ်ရွေ့ဘယ်မျှရှိကြသလဲ မသိပါဘူး။ ဘာမှမပြောလိုဘူး။”

“သူတို့အကြောင်း ဂဃနဏမသိဘဲနဲ့ ဆရာက သိုက်ရူးလိုလို ပြောတာတော့များနေပြီဆရာရေ”

“ပြောခွင့်ရှိပါတယ်၊ စိတ်ထဲရှိတာပြောပါ”

“သူတို့လည်း အခက်အခဲကြားက အမျိုးမျိုးစွန့်စားပြီး အခုလိုသုံးနှစ်နီးပါး ရပ်တည်ရှင်သန်လှုပ်ရှားနိုင်ခဲ့တာ ချီးကျူးစရာမဟုတ်ဘူးလား”

“ချီးကျူးချင်ရင် ချီးကျူးပါလေ မတားပါဘူး”

“ဆရာက မချီးကျူးနိုင်ဘူးလား”

“လက်တွေ့ပကတိ အမှန်တရားကို အထောက်အထားအရ ကြည့်လေ။ ပြည်သူတွေကို တရားမဲ့သတ်ဖြတ်နေတယ်။ ရဟန်းသံဃာတော် တွေ၊ ဆရာ ဆရာမတွေကို (စွပ်စွဲချင်သလို စွပ်စွဲပြီး) ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်နေတယ်။ ကိုယ်က စွပ်စွဲတာမဟုတ်ဘူး မင်းတို့ PDF ကိုယ်တိုင်က မှတ်တမ်းတင်ဂုဏ်ယူပြီး ဗီဒီယိုရိုက်ကူး၊ ပြည်သူကိုခြိမ်းခြောက်မျှဝေပြသနေလို့ အထိတ်တလန့်တို့မှာ မြင်ရကြားရတာအထင်အရှား။ ယုတ်မာမိုက်ကန်းပုံတွေကို ပြည်သူသိကြရတာလေ။ လက်ခံနိုင်ဖွယ်မရှိဘူး။”

“တော်လှန်ရေးရဲ့ အဟန့်အတားဒလန်တွေ”

“ဒါက မင်းတို့စွပ်စွဲတာပါ။ သာမန်ပြည်သူတွေပါ။ အတိုက်အခံ အငြင်းအခုံဘာမှမပြောချင်ပါဘူးကွာ။ မင်းတို့လက်ထဲမှာ သေနတ်ရှိတယ်။ ဓားရှိတယ်။ ငါ့လက်ထဲမှာ ရေးစရာမင်တံပဲရှိတယ်။ ကြောက်လို့ရှောင်တာ၊ ပြေးတာမဟုတ်ပါဘူး။ ကိုယ်ကအမှန်တရားကိုတော့ အများသိမြင်အောင် ရဲရဲရေးမှာပါပဲ။ ကောင်းကျိုးမထွက်ပေါ် နိုင်တဲ့ အငြင်းအခုံစကားတွေ ပြောမနေချင်တော့လို့ပါ။”

“ဒါဆိုကျွန်တော်တို့ကို အကျိုးရှိအောင် ဘာများပြောပေးနိုင်မလဲ”

“မင်းတို့အသက်အရွယ် နှစ်ဆယ်၊ သုံးဆယ်။ လူ့ဘဝမှာ အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အရွယ်အပိုင်းအခြားပဲ။ မှန်တာ၊ မှားတာထား။ ဘဝရဲ့အကောင်းဆုံး စွမ်းအားတွေ၊ ထက်သန်မှု၊ တက်ကြွမှု၊ စွန့်စားရဲမှု၊ စွန့်လွှတ်နိုင်မှု၊ ကာယခွန်အားသန်မာမှု၊ ထိုက်သင့်တဲ့ အသိဉာဏ်ပြည့်စုံမှု၊ ကိုယ်ပိုင်စွမ်းရည်တွေရှိပါလျက် ကယ်နဲ့လေထဲတိုက်အိမ်ဆောက်၊ ကိုယ်ကျိုးသက်သက် အကြောင်းပြုပြီး (တကယ်က နိုင်ငံအတွက်၊ လူထုအတွက် မထမ်းရွက်ဘဲ လက်တွေ့မှာ ဖျက်ဆီးမီးရှို့နေတဲ့) ခေါင်းဆောင်သိုက်ရူးတွေ ဘူးသွင်းခံရပြီး ခေတ်သစ်နယ်ချဲ့ရဲ့ လှည့်စားမှိုင်းတိုက်ခြင်းကြောင့် နွေဦးတော်လှန်ရေး၊ ဒီမိုကရေစီအရေးတော်ပုံ ဘာဘာညာညာ၊ ပျားသကာလူးထားတဲ့ မူးယစ်ဆေးဝါးအဆိပ်ကို စားမိနေကြသူတွေ။ လမ်းမှားနေကြတာ။ သနားကြင်နာပါတယ်။ စိတ်မကောင်းဘူး။ သမိုင်းကိုလေ့လာကြပါ။”

“ခရီးမထွက်ခင်၊ မြေပုံကို သေသေချာချာလေ့လာကြပါ။ ဘယ်လမ်းလျှောက်ရင် ဘယ်စခန်းရောက်မှာလဲ။ သေသေချာချာသိအောင် မြေပုံကိုကြည့်ပါ။ သမိုင်းအမြင်မရှိဘဲ နိုင်ငံရေးလုပ်လို့ မရဘူး။ အခုတော့ . . . . ။

“နိုင်ငံရေးအတွက် လက်နက်ကိုင်တယ်ဆိုရင် ငါဘာလဲ၊ ငါဘာလုပ်နေလဲ၊ ငါဟာ ဘယ်သူ့အကျိုးရှိအောင် တိုက်နေတာလဲ၊ အဖြူအမည်း သဲသဲကွဲကွဲ မြင်နိုင်စွမ်းတော့ရှိရမယ်။ ပြောင်းလဲမှဖြစ်မယ်။ လုပ်တော့လုပ်နေမိတာ ဘာအတွက်မှန်း မသိပါဘူးဆိုရင် အရူးပဲ။ ဦးနှောက်ကိုကောင်းအောင် မိမိဘာသာသုံးသပ်ဆင်ခြင်ရမှာပဲ။ (U-trun နောက်ပြန်လှည့်ခဲ့) ရှေ့ဆက်အသက်ရှင်ရဦးမယ့် ရက်တွေ၊ လတွေ၊ နှစ်တွေ မိသားစုအကျိုး၊ လူမျိုးတိုင်းပြည် ကောင်းကျိုးတို့ကို လမ်းကောင်းလမ်းမှန်နဲ့ ပါဝင်သယ်ပိုးနိုင်တဲ့ အခွင့်အလမ်းတွေ (ယခုမမြင်နိုင်သေးသော်ငြားလည်း) ပကတိအမှန်မှာ ရှိနေကြပါတယ်။”

“ကိုယ်မမြင်မိ၊ မသိရှိတဲ့ အခွင့်အရေး၊ ပေးထားချက်တွေ ရှိနေပါ သေးတယ်။ အေးကွာ လူဆိုတာ မှားတတ်တယ်။ သေးသေးဖွဲဖွဲလည်း မှားဖူးတယ်။ ကြီးကြီးမားမားလည်းမှားဖူးတယ်။ ဆရာသင်ပြ၊ ညွှန်ကြားတာ မဆင်မခြင်လိုက်လုပ်မှာပဲဆိုတဲ့ အင်္ဂုလိမာလဆိုသူ ဗလလည်း သန်မာထွားကျိုင်းပြီး ဉာဏ်ရည်လည်းထက်ပါလျက် အယူလွဲလို့ လူသတ်သမားလူရမ်းကားကြီး ဖြစ်တဲ့အပြင် မွေးမိခင် အမေကိုပင် သူကသတ်မလို့ လိုက်ဖမ်းတဲ့ကောင်။ မင်းတို့ထက်ဆိုးတာပေါ့။ နမူနာယူဟေ့။ အဆုံးတစ်နေ့ အမှန်တရားတွေ့လာ တော့ မီးဖွားခြင်းမှာ ဝေဒနာသက်သာစေတဲ့ အင်္ဂုလိမာလသုတ်နဲ့ မိခင်လောင်းများကို ကူညီကယ်တင်နိုင်စွမ်းတဲ့ ရဟန်းသံဃာတော် တစ်ပါးအဖြစ် ပြောင်းလဲဖြစ်ပေါ်လာသေးတာပဲ။ ပြုပြင်လိုက်ပါ။”