လွတ်လပ်ရေးအနှစ်သာရ တန်းတူခံစား လွတ်လပ်ရေးကို စောင့်ရှောက်ကာကွယ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမိုင်းဝင် နေ့ထူးကြီးများအနက် “လွတ်လပ်ရေးနေ့ "သည် အထူးမြတ်ဆုံး နေ့တစ်နေ့ဖြစ်ပါသည်။
- နယ်ချဲ့ ကိုလိုနီအုပ်ချုပ်ဘဝမှ လွတ်မြောက်ခဲ့သည့်နေ့၊
- ကမ္ဘာတွင် အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံအဖြစ် စတင်ရပ်တည်ခဲ့သည့်နေ့၊
- နှစ်ပေါင်းတစ်ရာကျော် ဖိနှိပ်ခံဘ၀ကျရောက်ခဲ့ရမှ ပထမဆုံ။စတင်လွတ်မြောက်သောနေ့။
ယင်းအကြောင်းသုံးချက်ကြောင့် နိုင်ငံတော် က အသိအဟ်ပြုထားသည့် အခြားနိုင်ငံရေး။ လူမှုရေး။ နေ့ကြီးရက်ကြီး။ ထက်သမိုင်းဝင်၊ သမိုင်းတွင်သည့် ပိုမိုထူးမြတ်သည့် နေ့ကြီး။ ရက်ကြီး ဖြစ်ပါသည်။ နှစ်ပေါင်းတစ်ရာကျပ် တိုင်းတစ်ပါ။ ကျွန်ဘဝ ကျရောက်ခဲ့ရသော မြန်မာ နိုင်ငံအား ၁၉၄၈ခုနှစ် ဇန်နဝါရီလ၄ရက်နေ့တွင် အချုပ်အခြာအာဏပိုင် လွတ်လပ်သောနိုင်ငံ အဖြစ်ကြေညာခဲ့၍ ထိုနေ့ထိုရက်ကို “လွတ်လပ်ရေးနေ့ " ဟူ၍ ဂုဏ်ပြုခဲ့သည်။
လွတ်လပ်ရေးနေ့သည်ကား မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူအားလိုတို့ အရေးကြုံလျှင် သွေးချင်းဆုံ၍ တစ်သွေးတည်း။ တစ်သားတည်။ တစ်စည်းတည်။ တစ်လုံးတည်။ တစ်ညီတည်း။ တစ်ညွတ်တည်း ဖြစ်တည်သော မျိုးချစ်စိတ်ဓာတ်ကို အခြေခံလျက် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ အဆင့်ဆင့်ကို တိုက်ခိုက်တွန်းလှန်ဆင်နွှဲခဲ့ကြသည့် အောင်ပွဲခံ၊ အောင်ပွဲဝင်မော်ကွန်းတင်သည့် နေ့ဖြစ်သည်။
ခါးသီးသောဆိုးမွေ
ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်အရှင် ကိုယ့်သခင်နှင့် တစ်ထီးတစ်နန်း တမ်းတနားနေထိုင်ခဲ့ကြသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ဗြိတိသျှနယ်ချဲ့တို့က ၁၈၂၄ ခုနှစ်တွင် ပထမအကြိမ်၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယ အကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တကိယအကြိမ် ကျူးကျော်စစ်ပွဲ သုံးကြိမ်ဆင်နွှဲပြီးနောက် မြန်မာနိုင်ငံအား ကိုလိုနီနိုင်ငံအဖြစ် သွတ်သွင်းခဲ့သည်။ ဤအဖြစ်ဆိုး၊ ကြမ္မာဆိုးကြီးသည် ထိုစဉ်က ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအားလုံးအတွက် အခါးသီးဆုံးသော ဆိုးမွေများဖြစ်သည်။
မြန်မာနိုင်ငံသားတို့သည် အားမတန်၍ မာန် လျှော့ခဲ့ရသော်လည်း ဒူးမထောက်၊ လက်မမြှောက် ခေါင်းငုံ့မခံခဲ့ကြပါပေ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသား မျိုးချစ် ပုဂ္ဂိုလ်အပေါင်းတို့သည် တောင်ပေါ်မြေပြန့်နေရာ အနှံ့တွင် သူ့ကျွန်မခံ၊ အလံမလှဲစတမ်း ရရာလက်နက် ကိုင်စွဲ၍ တိုက်ပွဲအလီလီဆင်နွှဲခဲ့ကြသည်။ ၁၈၈၅ ခုနှစ်မှ ၁၈၉၀ ပြည့်နှစ်အထိ မြန်မာမျိုးချစ် သူရဲကောင်းများ၏ လက်နက်ကိုင်တိုက်ပွဲများသည် နိုင်ငံတစ်ဝန်း ဒေသအနှံ့တွင် သောသောညံခဲ့သည်။ သို့သော် အားမတန်၍ မာန်လျှော့ရပြန်သည်။
နယ်ချဲ့ဆန့်ကျင်ရေး
၁၉၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာ ကလျာဏယုဝ (ဝိုင်အမ်ဘီအေ အသင်းကြီး စတင်ထူထောင်လိုက် ခြင်းသည် တိမ်မြုပ်နေသော မျိုးချစ်စိတ် ပြန်လည် နိုးထလာသည်။ မြန်မာအသင်းများ၏ မြန်မာ့အသင်းချုပ်ကြီး ဂျီစီဘီအေ) ကို ဖွဲ့စည်းကာ အမျိုးသာ။ နိုင်ငံရေးစိတ်ဓာတ်များ တိုင်းရင်းသားပြည်သူတို့၏ ဝံသာနုစိတ်ဆတ်များဖြင့် စည်းရုံးလှုပ်ရှားကာ နယ်ချဲ့တို့ကို အဘက်ဘက်မှ ထိုးနှက်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်တွင် ပထမအကြိမ် ကျောင်းသား သပိတ်ကြီး။ ၁၉၃၀ ပြည့်နှစ်တွင် တောင်သူလယ်သမား တော်လှန်ရေးကြီး ၁၉၃၆ ခုနှစ်တွင် ဒုတိယအကြိမ် ကျောင်းသားသပိတ်ကြီး ၁၉၃၈ ခုနှစ်တွင် ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံကြီး စသည်တို့သည် တောင်သူလယ်သမား အလုပ်သမား ကျောင်းသား ထုလူတန်းစာများနှင့် မြန်မာတိုင်းရင်းသား မျိုးချစ်လူငယ်အလွှာမျိုးစုံတို့ အဆင့် ဆင့်လှုပ်ရှာ၏ တော်လှန်ခဲ့ကြသော နယ်ချဲ့ဆန့်ကျင်ရေး၊ သမိုင်းဝင်လှုပ်ရှားမှုများဖြစ်သည်။
- ထို့နောက် ဘီအိုင်အေ - ဗမာ့လွတ်လပ်ရေး၊ တပ်မတော်၊ ဘီဒီအေ - ဗမာ့ကာကွယ်ရေး တပ်မတော်၊ ပီဘီအက်ဖ်- မျိုးချစ်ဗမာ့တပ်မတော်တို့ကို ဗိုလ်ချုပ်အောင်ဆန်းဦးစီးဖွဲ့စည်း တည်ထောင်ကာ ဗြိတိသျှနယ်ချဲ့တို့ကို တွန်းလှန်တိုက်ထုတ်ခဲ့သည်။ ထို့နောက် ဖက်ဆစ်တို့အား ရဟန်းရှင်လူပြည်သူများ နှင့်အတူ လက်တွဲတွန်းလှန်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီးသည် ဒုတိယကမ္ဘာစစ်ကြီး၊ အပြီးတွင် တိုင်းရင်းသား ပြည်သူများအား စည်းရုံးလှုပ်ရှားကာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ခိုင်မာစွာ သက်သေထူခဲ့သည့်ဖင်လုံ စာချုပ်ကြံ။ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။
လွတ်လပ်ရေးကိုရယူခဲ့
ထိုသို့ တိုင်းရင်းသားပြည်သူအပေါင်းတို့၏ စည်။လုံးညီညွတ်သော စွမ်းပကာ။များဖြင့် ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် သမိုင်းတွင် သမိုင်း ဝင်သည့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် လွတ်လပ်သောနိုင်ငံကို လက်ဝယ်ပိုင်ပိုင်နိုင်နိုင် ပြန်လည်ရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေ။ ရရှိရေးအတွက် ခေတ်အဆက်ဆက်မှတိုးရင်း။ ပြည်သူအပေါင်းတို့သည် အမျိုးဂုဏ် ဇာတိဂုဏ် မပျောက်ပျက်ရန် မျိုးချစ်စိတ်ဓာတ်ရှိသူများ။ နိုင်ငံချစ်စိတ်ဓာတ် ရှိသူများက တိုင်းရင်းသား ပြည်သူများနှင့်လက်တွဲ၍ လွတ်လပ်ရေးကို မရအရ ရယူခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့က ဂျပန်နိုင်ငံတွင် စစ်ပညာကို အပင်ပန်း အဆဒ်းရဲခံသင်ယူပြီး ကျူးကျော်သူနယ်ချဲ့တို့ကို တွန်းလှန်ကာ လွတ်လပ်ရေးကို ရယူခဲ့ကြသည်။
လွတ်လပ်ရေးသည် ပြီးဆုံးသွားသောကိစ္စ မဟုတ်ပေ။ ရရှိပြီးသော တ်လပ်ရေးကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရသည့် တာဝန်များရှိသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ အရင်ရှင်ပါလီမန်ဒီမိုကရေစီစနစ်နှင့်အတူ အာထရနိုင်ငံရေးပါတီများအတွင်း ဂိုဏ်းဂဏကွဲပြား မှုများ ဖြစ်ပေါ်လာသောကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေ။ ယိုယွင်းပျက်ပြာ လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း တည်ဆောက် ပေးခဲ့သော လွတ်လပ်ရေးရည်မှန်ချက်များ။ ပျောက်ကွယ်မေ့။မှိန်ခြင်းဖြစ်ခဲ့ရုံမက ပြည်ထောင်စုပြီး ပြိုကွဲပျက်စီးမည့်အန္တရာယ် ပေါ်ပေါက် လာသောကြောင့် တပ်မတော်သည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတော်၏တာဝန်ကို ယူခဲ့ရသည်။
လမ်းကြောင်းမှန်ပေါ်သို့
ထို့နောက်နိုင်ငံတော်ကို ဆိုရှယ်လစ်စီးပွားရေး စနစ်ဖြင့် တည်ဆောက်ခဲ့ရာတွင် တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သဖြင့် ပြည်တွင်းစီးပွားရေးကျဆင်း ကျပ်တည်းလာချိန်တွင် ပြည်တွင်း၊ ပြည်ပပယောဂ များပူးကပ်မှုကြောင့် ၁၉၈၈ ခုနှစ် တိုင်းဆူပြည်ပျက် အခြေအနေဆိုးများနှင့် ကြုံတွေ့လာခဲ့သည်။ တိုင်းပြည်အခြေအနေ အလွန်ဆိုးရွားလာသောအခါ တိုင်းပြည်အန္တရာယ် မကျရောက်စေရန် တပ်မတော် သည် နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့သည်။ ထို့နောက် တပ်မတော်သည် တိုင်းပြည်ကို ပြည်သူများလိုလားသည့် ဒီမိုရေစီ လမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ပြီး ဒီမိုကရေစီ တတိယအကြိမ် သက်တမ်းအရောက်တွင် မဲမသမာမှုများကို ရည်ရွယ်ချက်ရှိရှိ မရိုးမသား ပြုလုပ်လာသောကြောင့် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် နိုင်ငံ့တာဝန်ကို မလွှဲသာမရှောင်သော ယူခဲ့ရပြန်သည်။
တပ်မတော်သည် နိုင်ငံ့တာဝန်ကို ရယူပြီးနောက် နိုင်ငံတော်နှင့်ပြည်သူတို့ကို ခြိမ်းခြောက် နှောင့်ယှက် အန္တရာယ်ပေးလာသော ဆူပူလှုပ်ရှား အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ကြသည့် အကြမ်း ဖက်အဖျက်သမားများကို ရှင်းလင်းဖယ်ရှားလျက် ရှိသည်။ လက်ရှိကာလတွင် လူသားများ၏အခြေခံ အကျဆုံးအခွင့်အရေးတစ်ရပ်ဖြစ်သော အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်လျက်ရှိသည့် ကိုဗစ်၁၉ကပ်ရောဂါဘေးမှ လျော့ပါးသက်သာကင်းဝေး စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မည်သူ့ကိုမျှ ခွဲခြားချန်လှပ်ခြင်း မရှိဘဲ ပြည်သူများ တန်းတူညီမျှ ကာကွယ်ဆေး ထိုးနှံခွင့်ရရှိရေးအတွက် အဓိကဦးစားပေးအစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် ပြည်သူများ၏စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့် အလမ်းနှင့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးကုစား နိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဆောင်ရွက်သွားရန် ရှေ့လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။
သာတူညီမျှရရှိခံစားရေး
ပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးသာတူညီမျှရရှိခံစားရေး ပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးများ အပြည့်အဝခံစားရရှိပြီး ပြည်သူများ၏ လူမှုဘဝမြင့်မားတိုးတက်ရေးနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဖြစ်သည်။ နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေး အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူထား အကောင်အထည်ဖော် လျက်ရှိသည်။ တိုင်းရင်း သားညီအစ်ကို မောင်နှမများအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသီးအပွင့်များကိုသာတူညီမျှရရှိ ခံစားနိုင်ရေးအတွက် မျှော်မှန်းကြိုးပမ်း လျက်ရှိသည်။
တိုင်းပြည်တွင် ပေါ်ပေါက်လာသော အန္တရာယ်အမျိုးမျိုးကြောင့် ပြည်ထောင်စုမပြိုကွဲရေးနှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ မပျက်စီးရေးကို ကာကွယ်စောင့်ရှောက်ရန်မှာ တပ်မတော်၏တာဝန် ဖြစ်သည်။ ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ် ကိုလမ်းကြောင်းမှန်မှန်လျှောက်လှမ်းနိုင်ရေးအတွက် ထိန်းကျောင်းတည့်မတ်ပေးရန်လည်း တာဝန်ရှိ သည်။ နိုင်ငံတော်အင်အားရှိမှ၊ တိုင်းရင်းသားပြည်သူအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိမှ၊ စနစ်တကျဖွဲ့စည်းထားသော ခေတ်မီတပ်မတော်ရှိမှ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမည်ဖြစ်သည်။ တိုင်းပြည်အင်အား တောင့်တင်းမှ နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးလာမည်ကို ပြည်သူအပေါင်းတို့ သိရှိနားလည်ကြရန် လိုအပ်သည်။ ပြည်သူများစည်းလုံးညီညွတ်မှုရှိပြီး စနစ်တကျ ဖွဲ့စည်းထားသော ခေတ်မီတပ်မတော်ရှိမှသာလျှင် နိုင်ငံတော်အင်အား တောင့်တင်းခိုင်မာမည်။
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ပြည်သူအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း၊ ခေါင်းဆောင်အချင်းချင်း ညီညွတ်မှုမရှိဘဲ ပြည်ပ အားကိုးပြီး သူတစ်လူငါတစ်မင်း ဖြစ်နေသော ကာလမျိုးတွင် တိုင်းပြည်အင်အားကျဆင်းပြီး နှစ်ပေါင်းထောင်ချီ တည်ထွန်းခဲ့သည့် လွတ်လပ်ရေးဆုံးရှုံးခဲ့သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရခြင်းသည် သင်ခန်းစာယူဖွယ်ရာများဖြစ်သည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့သဖြင့် ခါးသီးသော အတွေ့အကြုံများကို နောင်မျိုး ဆက်တို့ သိရှိနားလည်ကြရန် လိုအပ်သည်။ ထို့ကြောင့် သင်ခန်းစာယူစရာ မြန်မာ့သမိုင်းကြောင်းများကို အမြဲဖော်ထုတ်ပေးရန်လိုအပ်သည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့သောကာလမှစ၍ လွတ်လပ်ရေးရရှိပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည့် ကာလများအတွင်း နိုင်ငံအတွက် အသက်၊ သွေး၊ ချွေးပေးဆပ်ခဲ့ရသည့် သမိုင်းကြောင်းများကို ထုတ်ဖော်အသိပေးနိုင်မှသာ နောင်လာမည့် မျိုးဆက်များအနေဖြင့် လွတ်လပ်ရေး၏အနှစ် သာရကို သိရှိနားလည်ပြီး နိုင်ငံတော်ကို ကိုယ်ပိုင် အသိစိတ်ဓာတ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် စွမ်းအားများ ရရှိမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုပါလျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တပ်မတော်သည် ပြည်သူများနှင့် တစည်းတလုံးတည်းလက်တွဲပြီး ကြိုးပမ်းခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးသောအခါ ဖြစ်ပေါ်လာသည့်ပြည်တွင်း/ပြည်ပအန္တရာယ်များကို တွန်းလှန်ဖယ်ရှားရေး၊ ပြည်ထောင်စု ကြီးမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ် လမ်းကြောင်းမှန်စွာ တည့်မတ်ခိုင်မာရေး စသည်တို့ကို ဦးလည်မသုန် ထမ်းရွက်လျက်ရှိသည်။ ဤသို့ဆောင်ရွက် နေခြင်းသည် သမိုင်းပေး တာဝန်ကိုကျေပွန်စွာထမ်းဆောင် နေခြင်းဖြစ်သည်။ လွတ်လပ်ရေးကို အရယူပေးခဲ့ပြီး လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးနေခြင်းဖြစ်သည်။ လွတ်လပ်ရေး၏ အနှစ်သာရ ခံစားရရှိနိုင်ရေးနှင့် လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရေးအတွက် အားလုံးအတူလက်တွဲ ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။ ။
ငြိမ်းချမ်းမောင်