May 30, 2024
၁။ Online Social Media Platform များဖြစ်သည့် Facebook၊ Viber ၊ Telegram အစ ရှိသည်တို့ ပေါ်တွင် ID အစစ်အမှန်မဟုတ်သည့် အကောင့် (Fake Account) များအသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းအပါအဝင် မမှန်ကန်သည့်သတင်းများကို ထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိနေရပါသည်။
May 29, 2024
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်ခဲ့သော ပြည်တွင်းပဋိပက္ခများအား နိုင်ငံတော်အစိုးရ၊ တာဝန်ရှိအဖွဲ့အစည်းများနှင့် တည်ငြိမ်အေးချမ်းရေးကိုလိုလားသော တိုင်းရင်းသားပြည်သူများက ဥပဒေနှင့်အညီဖြေရှင်းနိုင်ရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
May 29, 2024
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု (Sanctions)နှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ခန်းမ၌ ကျင်းပသည်။
May 28, 2024
၁။ အောက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/အရောင်းဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူ ဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိပါသည်။
May 28, 2024
၁။ ကလေးသူငယ်များသည် အနာဂတ်ကာလ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူ၍ လက်ဆင့်ကမ်း ထမ်းဆောင်ကြမည့်သူများ ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် အဆိုပါကလေးသူငယ်များ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာမူတည်ပါသည်။ ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းသည် ကလေးသူငယ်ကိုယ်တိုင်နှင့် နိုင်ငံ့အနာဂတ်အတွက်ပါ ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
May 27, 2024
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
May 27, 2024
၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ ကျူးလွန်နေသည်။