Nov 20, 2024
သွားလာရေးနှင့်လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့မှ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူကြောင်း ကြေညာချက်
Nov 20, 2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုတန်းများနှင့် ဘွဲ့လွန်တန်းများကို ၁၄-၁၁-၂၀၂၄ ရက်မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိကျောင်းအပ်လက်ခံပြီး ၂၁-၁၁-၂၀၂၄ ရက်မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
Nov 19, 2024
၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
Nov 19, 2024
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေးယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း။
Nov 19, 2024
၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန /အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
Nov 18, 2024
နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈) လမ်း (မြောက်ဘက်)၊ အောင်သာယာရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော လူမှုစီးပွားမြှင့်တင်ရေးပါတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
Nov 18, 2024
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
Nov 18, 2024
လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် လဝကရုံး(ဟစ်တိုင်)ဟု အမည်ပေးထားသော Facebook Group တွင် ပွဲစားများနှင့်ချိတ်ဆက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား(အတု)၊ Unique ID (UID) အတုများဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို များစွာထိခိုက်စေသဖြင့် ဝန်ကြီးဌာနမှ ယင်းဖြစ်စဉ်အား စစ်ဆေးဖော်ထုတ်ခဲ့ရာ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ (၃)ဦးအား သင်္ကန်းကျွန်းမြို့မရဲစခန်းတွင်လည်းကောင်း၊ Aent Hmue အကောင့်ပိုင်ရှင်အံ့မှူးပါ (၁၁)ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းတွင်လည်းကောင်း၊ ရဲထက်စိုးပါ(၅)ဦးအား မြဝတီမြို့မရဲစခန်းတွင်လည်းကောင်း၊ သန့်ဇင်ထွန်းအား အင်းစိန်မြို့မရဲစခန်း၊ အောင်သူထက်အား စမ်းချောင်းမြို့မရဲစခန်း၊ ခင်မောင်ကျော်အား မော်လမြိုင်မြို့မရဲစခန်းနှင့် ထက်မြတ်အောင်အား ဒလမြို့မရဲစခန်းတွင်လည်းကောင်း တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုအမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ရပါသည်။
Nov 18, 2024
၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအနက် Road Safety အရေးကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များ၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းတို့နှင့် အကျုံးဝင်သည့်ယာဉ်များ၊ Taxi အငှားယာဉ်များ၊ School Bus ယာဉ်များနှင့် နှစ်တန်နှင့် အထက်အငှားယာဉ်များအား ယာဉ်စစ်ဆေး၍ သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိပါသည်။
Nov 18, 2024
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ပထမနှစ်ဝက်သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းနှင့် တတိယနှစ်၊ စတုတ္ထနှစ်နှင့် ဘွဲ့လွန်တန်း ဒုတိယနှစ်ဝက်သင်တန်းများ၏ သတင်းပို့လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်(ကြာသပတေးနေ့)မှစ၍ ပိတ်ရက်မရှိ လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းနှစ်အားလုံးကို နိုဝင်ဘာ ၂၁ ရက်(ကြာသပတေးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။