Mar 07, 2021
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်လုံခြုံအေးချမ်းသာယာရေးအတွက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာတွင် တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့အစည်းအတွက် ဦးတည်ရည်မှန်းချက် ထားကာ နိုင်ငံတော်အား နည်းမျိုးစုံအသုံးပြုဆန့်ကျင်လှုပ်ရှားနေသူများကို နိုင်ငံတော်နှင့် ပြည်သူ လူထုအကျိုးစီးပွားအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 02, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မန္တလေး တိုင်းဒေသကြီး၊ သာစည်မြို့နယ်၏ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့သည်။
Mar 02, 2021
ယနေ့အချိန်အခါသမယသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအား အထူး အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားသော သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ ဤရက်မြတ် အချိန်အခါကာလတွင် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။