Skip to main content

Dec 15, 2021

၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူ များသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီး ဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ် စာစောင်များကို အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီများသို့ ခွဲဝေပေးပို့လျက်ရှိပါသည်။ ထို့အပြင် ပေးပို့လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း ထုတ်ဝေသော စာအုပ်စာတမ်းများစာရင်းတွင်လည်း ရေးသွင်းထားပြီး နှစ်စဉ်ထုတ်ပြန် လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

ယနေ့ကျရောက်သော (၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားသွေးချင်း ညီအစ်ကို မောင်နှမများနှင့် နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက် မျက်ရတနာပြပွဲဗဟိုကော်မတီသည်၂၀၂၁ခုနှစ်၊ ပုလဲအတွဲများနှင့်ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) ကို ဒီဇင်ဘာလ(၁၇)ရက်မှ(၂၂)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသော ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီး ဌာန၊ ဆေးသုတေသနဦးစီး ဌာနတို့အနေဖြင့် တပ်မတော်ဆေးသုတေသနတပ်နှင့်ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည်ရှုခြင်းလုပ်ငန်းစဉ်အဖြစ် မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း” (Genome Sequencing) ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်အရ မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးများဖြစ်သည့် Alpha, Beta kappa နှင့် Delta တွေ့ရှိမှုများအား ပြည်သူလူထုသို့ (၁၅-၆-၂၀၂၁) ရက်နေ့နှင့် (၃၁-၈-၂၀၂၁) ရက်နေ့ တို့တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာ များနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ် ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ် ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေ သူများ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ငွေစက္ကူအသစ် ၂၀,၀၀၀/-ကျပ်တန်၊ ၅၀,၀၀၀/- ကျပ် တန်များ ထုတ်မည်ဆိုသော ကောလာဟလသတင်းများ ထွက်ပေါ် နေကြောင်းသိရှိရပါသည်။ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူတန်ဖိုး အမျိုးအစားအသစ် ထုတ်ဝေခြင်းကိစ္စ၊ ထုတ်ဝေပြီးသော ငွေစက္ကူအမျိုးအစားကို ပုံစံသစ်ဖြင့်ပြောင်းလဲ ထုတ်ဝေခြင်းကိစ္စရပ်များ ဆောင်ရွက်မည်ဆိုပါလျှင် ပြည်သူများကို ကြိုတင်ကြေညာ အသိပေးဆောင်ရွက်ပါကြောင်း၊ ယခု သတင်းဖြစ်ပေါ်နေသော ၂၀,၀၀၀/- ကျပ်တန်၊ ၅၀,၀၀၀/- ကျပ်တန် ငွေစက္ကူသစ်များ ထုတ်မည် ဆိုသည့် သတင်းမှာ မဟုတ်မမှန်ပါကြောင်း အသိပေး အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်