အယ်ဒီတာ့အာဘော်

ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ ကူးစက်ရောဂါကို ခုခံကျော်လွှားနေကြ သည်မှာ အချိန်ကာလ ခြောက်လ(နှစ်ဝက်)ခန့် ကြာမြင့်လာပြီဖြစ်သည်။ ထိုကာလအတွင်း ကမ္ဘာ့ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀ သန်းကျော်ရှိပြီး သေဆုံးသူ ငါးသိန်း ကျော်၊ ပြန်လည်ကျန်းမာလာသူ ငါးသန်းခွဲကျော် ရှိသည်။

07/02/2020 - 05:47

ယခုနှစ်တွင် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကာလ ၁၉၂ဝ ပြည့်နှစ် အချိန်တွင် မြန်မာ့ရုပ်ရှင်၏ဖခင်ကြီး ဖြစ်လာမည့်လန်ဒန်အတ် ဦးအုန်းမောင်၏ အားထုတ်ကြိုးပမ်း မှုဖြင့် ပထမဆုံး မြန်မာဇာတ်လမ်းရုပ်ရှင်ကား “မေတ္တာနှင့်သူရာ” ထွက်ပေါ် လာပြီး မြန်မာရုပ်ရှင် ပရိသတ်တို့၏ တစ်ခဲနက်အားပေးမှုကို ရရှိ ခဲ့သည်။ ယင်းမတိုင်မီကမူ ရန်ကုန်မြို့တွင် ရုပ်ရှင်ရုံများ ရှိနေပြီဖြစ်သော်လည်း နိုင်ငံခြားရုပ်ရှင်ကားများကိုသာ ကြည့်ရှုခဲ့ရခြင်းကြောင့် မြန်မာဝတ္ထု ဇာတ်လမ်းကို မြန်မာသရုပ်ဆောင်များဖြင့် မြန်မာဒါရိုက်တာက ရိုက်ကူးတင်ဆက်သည့် ပထမဆုံး မြန်မာရုပ်ရှင် ဇာတ်ကားထွက်ပေါ်လာသောအခါ တုန်ခြင်း၊ မှုန်ခြင်းစသော အရည် အသွေးပိုင်း အားနည်းချက်တို့ ရှိခဲ့သည့်တိုင်အောင် ပရိသတ်က သည်းခံအားပေးခဲ့ကြောင်းလည်း မှတ်တမ်းများ အရ သိရှိရသည်။

07/02/2020 - 05:41

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က ဖြစ်၏။ ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှတို့ အတူရှိနေကြ၏။ ဗိုလ်ထွန်းလှက ဗိုလ်ချုပ်အား “ဗိုလ်ချုပ် မနက်ဖြန် ၁၆ ရက်နေ့ ၁၀ နာရီမှာ ဝန်ကြီးများအစည်းအဝေးလုပ်ဖို့ ချိန်းထားတယ်။ လွှတ်တော်ကော်မတီအစည်းအဝေးကလည်း မနက်ဖြန် ဗုဒ္ဓဟူးနေ့ ၁၀နာရီပဲဖြစ်နေ တယ်။ ဘယ့်နှယ်လုပ်မလဲ” ဟု ပြောလိုက်ရာ ဗိုလ်ချုပ်အောင်ဆန်းက “ဟေ ဟုတ်လား၊ ဒါဖြင့် မနက်ဖြန်လွှတ်တော်ကော်မတီကိုပဲတက်မယ်။ အီးစီဝန်ကြီးအစည်းအဝေးကို စနေနေ့မနက် ပြောင်းလိုက်ကွာ” ဟု ပြန်ပြော လိုက်လေ၏။

07/01/2020 - 05:26

မလျှော့သောဇွဲဖြင့် အလုပ်လုပ်ကြရမည်။ ဤသည်မှာ လူတစ်ဦးချင်းအတွက်ဆိုလျှင် ဘဝအောင်မြင်ရေးအတွက် လမ်းညွှန်ဖြစ်သလို လူမျိုးတစ်မျိုးလုံးအတွက်ဆိုလျှင်လည်း နိုင်ငံထူထောင်ရေး၊ တစ်မျိုးသားလုံး ကြီးပွားရေးအတွက် လမ်းညွှန်ဖြစ်သည်။

07/01/2020 - 05:25

မကြာသေးသည့် ရက်သတ္တပတ်အနည်းငယ်အတွင်းက အိန္ဒိယ ရုပ်ရှင်လောကမှ နာမည်ကျော်မင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ သူသည် ဘောလိဝုဒ်၏ တောက်ပသည့် ကြယ်တစ်ပွင့်၊ သူပါသည့်ရုပ်ရှင်ကားတိုင်း လူကြိုက်များပြီး ဝင်ငွေကောင်းသလို သူ၏ထင်ပေါ်ကျော်ကြားမှုကြောင့် လူတိုင်း က အားကျသူ။ ရုပ်ရှင်လောကသို့ ဝင်ရောက်မလာမီက သူသည် အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ရူပဗေဒဘာသာရပ် အမျိုးသားအဆင့် အိုလံပစ်ဆုရှင်လည်း ဖြစ်သည်။ လူအများ အားကျခံရလောက် အောင် ဤမျှပြီးပြည့်စုံသူက ငယ်ငယ်ရွယ်ရွယ်ဖြင့် (အသက် ၃၄ နှစ်အရွယ်တွင်) အဘယ်ကြောင့် ဘဝကို ကိုယ်တိုင်အဆုံးသတ် ခဲ့ပါသနည်း။

06/30/2020 - 07:06

(၃၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရသည့် ဗီယက်နမ်နိုင်ငံက (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇွန်လအတွင်း ဒါနန်းမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မူလကစီစဉ်ခဲ့သော်လည်း ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အစည်းအဝေးများကို ဇွန်လ ၂၆ ရက်နေ့တွင် video conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

06/30/2020 - 07:00

တစ်ကမ္ဘာလုံးကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါကို မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်ကျော်လွှား ကိုင်တွယ် ဆောင်ရွက်လျက်ရှိရာ သုံးလကျော်ကာလအတွင်း စိန်ခေါ်မှုများကို ပီပြင်စွာရင်ဆိုင် နိုင်ခဲ့ပေသည်။ ဇွန်လ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၉၉ ဦး၊ ဆေးကုသမှု ခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၂၁၈ ဦး သေဆုံးလူနာ ခြောက်ဦးဖြင့် တည်ငြိမ်စွာ ရပ်တည်လျက် ရှိသည်။

06/29/2020 - 05:50

မြန်မာနိုင်ငံတွင် ကလေး ၂၉ ဒသမ ၃ ရာခိုင်နှုန်းမှာ ကာလတာရှည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်နေကြကြောင်း စစ်တမ်းတစ်ခုကဆိုသည်။ အာဟာရချို့တဲ့မှုဟုဆိုရာတွင် မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးမွေးဖွား ပြီးနောက်ပိုင်း ကလေးနှစ်နှစ်သားအရွယ်အထိ တစ်နည်းအားဖြင့် ရက် ၁ဝဝဝ ကာလအတွင်း အာဟာရ လုံလောက်စွာ မရရှိခြင်းကြောင့် ဖြစ်သည်။ အာဟာရလုံလောက်စွာ မရရှိခြင်းမှာလည်း ဆင်းရဲနွမ်းပါးမှုကြောင့် အစာအာဟာရကို ပြည့်ဝစွာ မစားနိုင်ခြင်း၊ ကျန်းမာရေး အသိပညာအားနည်းမှုကြောင့် အာဟာရပြည့်ဝအောင် မစားသောက်တတ်ခြင်း၊ လွဲမှားသော အယူအဆများကြောင့် အစာရှောင်ကြရာမှ အာဟာရချို့တဲ့ပြီး ရေရှည်တွင် သက်တူရွယ်တူ လိင်တူကလေးများနှင့် နှိုင်းယှဉ်ပါက ရှိသင့်သည့်အရွယ်မရှိဘဲ သေးငယ်ပုညှက်လာရခြင်းဖြစ်သည်။

06/29/2020 - 05:46

ဒီမိုကရေစီစတင်ပွင့်လင်းလာပြီး တိုင်းပြည်ပြန်လည်ထူထောင်ရန် ကြိုးပမ်းရေးဟူသည်က ရေရှည် ခရီးဖြစ်သည်။ ရေရှည်ချီတက် ရမည့် ခရီးဖြစ်သည့်အတွက် ဒီမိုကရေစီရေး ယုံကြည်ချက်ကို မြဲမြဲ ကိုင်စွဲထားရန်လိုမည်။ ဒီမိုကရေစီအင်အားစုများကြား စည်းလုံးညီညွတ်ကြရန်လည်းလိုမည်။ မအောင်မြင်မှုများ၊ အခက်အခဲများ၊ အတားအဆီးအကျပ်အတည်းများ၊ သွေးဆောင် ဖြားယောင်းမှု များကို တည်တည်ငြိမ်ငြိမ်ဖြင့်၊ စိတ်ဓာတ် မပျက် မပြားဖြင့်၊ သက်လုံကောင်းကောင်းဖြင့် လျှောက်လှမ်းကြရန် လိုမည်။

06/28/2020 - 06:12

မြန်မာနိုင်ငံသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွင် ကြွယ်ဝချမ်းသာသည့် နိုင်ငံ မဟုတ်ပါ။ သို့သော် မင်္ဂလာတရား၊ လောကကျင့်ဝတ်၊ ယဉ်ကျေးမှုနှင့်အညီ ကျင့်ကြံနေထိုင်လုပ်ကိုင်လျက် ရှိသော ကြောင့် စိတ်ပိုင်းဆိုင်ရာပိုင်း၌ ကြွယ်ဝသည်ဟု ဆိုရမည်ဖြစ်သည်။ သိင်္ဂါလောဝါဒခေါ်လူတို့၏ ကျင့်ဝတ်များ၊ (၃၈)ဖြာ မင်္ဂလာတရားများ၊ သင်္ဂဟတရားများ၊ ဗြဟ္မစိုရ်တရားများ နှင့်အညီ လုပ်ကိုင် ကျင့်သုံးကြသဖြင့် ကောင်းကျိုးချမ်းသာများ ဖြစ်ထွန်း နေပါသည်။

06/28/2020 - 04:19

Pages