Jul 27, 2026
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာအစားအသောက်များကို နိုင်ငံတကာအဆင့်မီ တည်ခင်းဧည့်ခံနိုင်ရန်၊ မြန်မာ့ရိုးရာအစားအစာများကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှားကျော်ကြားလာစေရန်၊ မြန်မာ့ရိုးရာအစားအစာများကို အခြေခံပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆွဲဆောင်နိုင်ရန်နှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ကြီးကြပ်၍ မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ (၂၀၂၆) ကို “Taste of the Golden Land 2026”ဟူသည့် ဆောင်ပုဒ်ဖြင့် ရန်ကုန်မြို့ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ဇူလိုင် ၂၅ ရက်မှ ၂၆ရက်အထိ ကျင်းပခဲ့သည်။