မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း KK အဖွဲ့စုံပါဝင်သည့် Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jan 09, 2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့တို့ရှိ မဲရုံများအားလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်ရှိ မဲရုံများအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေးရွာ၊ ပရည်ကျွန်းကျေးရွာ၊ ဒုံးညောင်မှိုင်းကျေးရွာနှင့် ဒုံးဆွေသန်းကျေးရွာတို့ရှိ မဲရုံများအားလည်းကောင်း တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်၍ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ ရောက်ရှိမှုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
Jan 09, 2026
ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံသားအားလုံးက အားတက်သရော ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် နိုင်ငံသူ/နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိရေးအတွက် “ဒို့အတူမဲပေးကြမည်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနှင့် ၃၈ လမ်းထောင့်၌ လည်းကောင်း၊ လမ်း ၈၀ နှင့် ၄၁ လမ်းထောင့်၌လည်းကောင်း၊ ၈၄ လမ်း၊ ၃၈ လမ်းနှင့် ၄၁ လမ်းကြားရှိမန်းမြို့ဈေး၌လည်းကောင်း ဆောင်ရွက်ကြသည်။
Jan 09, 2026
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း စက္ကူစက်ရုံ (သာပေါင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 09, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်ရပ်မိရပ်ဖများအား ယနေ့မွန်းလွဲပိုင်းတွင်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
Jan 09, 2026
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
Jan 09, 2026
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
Jan 09, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 09, 2026
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နောက်ဆုံးရသတင်းများ
Jan 09, 2026Latest News
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည် လောင်
Jan 09, 2026Latest News
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့တို့ရှိ မဲရုံများ
Jan 09, 2026Latest News
ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံသားအားလုံးက အားတက်သရော ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ
Jan 09, 2026Latest News
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း
Jan 09, 2026Latest News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့
ဆောင်းပါးကဏ္ဍ
Jan 09, 2026ရွေးကောက်ပွဲ အပိုင်း(၂)အတွက် မဲရုံတံခါးကြီးက ဇန်နဝါရီ ၁၁ ရက်တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် မဲဆန္ဒနယ်များမှ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲပေးကြတော့မည်။ နိုင်ငံအတွင်းမှ မြို့နယ် ၁၀၀ တွင် ရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ထို့အတူ မဲဆန္ဒရှင်ပြည်သူတိုင်း အေးချမ်းလုံခြုံစွာ ဆန္ဒနှင့်အညီ လွတ်လွတ်လပ်လပ်ဆန္ဒမဲပေးနိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်။
Jan 09, 2026လူငယ်ဟူသည်ဖျတ်လတ်သည်၊ တက်ကြွသည်၊ လုပ်ချင်ကိုင်ချင်စိတ်ပြင်းပြသည်၊ တီထွင်ကြံဆလိုစိတ်ကြီးမားသည်။ ထို့ကြောင့် ဖျတ်လတ်တက်ကြွ၍ ဖြစ်ထွန်းအောင်မြင်လိုစိတ်ပြင်းပြသော စိတ်ဓာတ်ခွန်အားရှိသည့် လူငယ်တို့ကို လူ့အဖွဲ့အစည်းတိုင်းတွင် အလေးထားနေရာပေးနေကြခြင်းဖြစ်သည်။ ယနေ့ကာလအချိန်အခါသည် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ အံ့မခန်းတိုးတက်နေသောခေတ်ဖြစ်သည်။ အဆိုပါ နည်းပညာတိုးတက်မှုနှင့် လူငယ်တို့၏ စွန့်ဦးတီထွင်လုပ်ကိုင်လိုစိတ်ပေါင်းစပ်ပေး၍ သင့်လျော်စွာ အသုံးပြုနိုင်ပါက နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းသော မောင်နှင်အားတစ်ရပ်ဖြစ်လာပေလိမ့်မည်။
Jan 09, 2026ပြည်တွင်းပြည်ပ ဖိအားမျိုးစုံနှင့် စိန်ခေါ်မှုမျိုးစုံကြားမှ ကျင်းပခဲ့ရသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)က အောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ။ အမှန်တကယ်လည်း ဖိအားများစွာ၊ စိန်ခေါ်မှုမျိုးစုံအောက်တွင် ကျင်းပခဲ့ရခြင်းဖြစ်သည်။ သို့သော် တည်ငြိမ်အေးချမ်းစွာလုပ်သင့်သည်ကို လုပ်နိုင်ခဲ့ကြသည်။ အောင်မြင့်သင့်သလောက် အောင်မြင်ခဲ့ကြသည်။ ကြီးမားသောဖိအားများအောက်က ထိုအောင်မြင်မှုများကား နောက်ထပ်ကျင်းပမည့် အပိုင်း(၂)နှင့် အပိုင်း (၃)တို့အတွက် အားသာချက်များဖြစ်စေခဲ့ပါပြီ။
Jan 08, 2026၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ၏ စိတ်အား ထက်သန်စွာ အားတက်သရောမဲပေးမှုနှင့်အတူ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများလည်း ပေါ်ထွက်လာပြီဖြစ်သည်။
Jan 07, 2026မဟာဗောဓိရုပ်သံမှာ တရားမိုးတွေ ဘယ်လိုပဲရွာနေပါစေ၊ အိမ်တွေမှာ အိမ်ထောင်ရေးဖောက်ပြန် တဲ့ဇာတ်လမ်းတွဲ၊ လက်စားချေမှုတွေနဲ့ ရှုပ်ထွေးပွေလီနေတဲ့ ဇာတ်လမ်းတွဲတွေပါတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို မက်မက်မောမော ရွေးချယ် ကြည့်ရှုလေ့ရှိကြတာ သတိထားမိပါတယ်။
Jan 07, 2026၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းမှာ အလွန်အရေးပါတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့နေ့ရက် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပါတီစုံဒီမိုကရေစီကို အမှန်တကယ်လိုလားတဲ့ ပြည်သူတွေရဲ့ဆန္ဒအမှန်တွေကို ပြတ်ပြတ်သားသား ပေါ်လွင်ထင်ရှားစွာ မြင်တွေ့ခဲ့ရတဲ့ သမိုင်းမှတ်တမ်းဝင်နေ့လို့လည်း ခေါ်ဆိုနိုင်ပါတယ်၊ အဲဒီနေ့ မနက်စောစောက စပြီးညနေ နေဝင်မိုးချုပ်ချိန်အထိ မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်က တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူတွေဟာ သူတို့ရဲ့ဆန္ဒအမှန်တွေ ကို အသဲကြားက မဲတစ်ပြားနဲ့ ဖော်ထုတ်ပြသခဲ့ကြသလို သူတို့ရဲ့အနာဂတ်နဲ့ တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းကောင်းများ အတွက် ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး ရွေးကောက်ပွဲအပိုင်း(၁) ပြုလုပ်တဲ့ မဲရုံတွေဆီကို ခြေဦးလှည့်ကာ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပွန်ခဲ့ကြောင်း သက်သေပြခဲ့ကြပါတယ်။
