Jan 24, 2026
လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများကို အဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံး ဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်၌ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့က ရှင်းလင်း ပြောကြားကြသည်။
Jan 24, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 24, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်မည့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ(တောင်ငူ) စီမံကိန်းတည်ဆောက်မည့်မြေနေရာ၌ စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jan 24, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာအစားအသောက်နှင့် ဖြန့်ဖြူးရေးဝန်ကြီးဌာနမှ Secretary ဖြစ်သူ Smt. Nidhi Khare နှင့် အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel ၌ လက်ခံတွေ့ဆုံသည်။
Jan 24, 2026
ရရန်ပိုင်ခွင့်များစီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရေးဆိုင်ရာ ဦးစီးကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နေပြည်တော်၌ ကျင်းပသည်။
Jan 24, 2026
ဆရာ ဆရာမများ၏ သင်ကြားမှုနှင့် သုတေသနအရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ‘သင်ကြားရေးတွင် AI ကို အသုံးချနည်းများ’ (Presentation on AI in Education) ခေါင်းစဉ်ဖြင့် ဆရာဆရာမအရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy Conference Room ခန်းမသစ်၌ ကျင်းပသည်။
Jan 24, 2026
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့်ရှိသည်။
Jan 24, 2026
ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
နောက်ဆုံးရသတင်းများ
Jan 24, 2026Latest News
လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများကို အဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတ
Jan 24, 2026Latest News
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 24, 2026Latest News
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆေ
Jan 24, 2026Latest News
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာအစားအသောက်နှင့် ဖြန့်ဖြူးရေးဝန်ကြီးဌာနမှ Secretary ဖြစ်သူ Smt. Nidhi Khare နှင့် အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင
ဆောင်းပါးကဏ္ဍ
Jan 24, 2026ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကိုတည်ဆောက်ရာတွင် ရုပ်ဝတ္ထုပစ္စည်းများ ပြည့်စုံမှုထက် တိုင်းရင်းသားသွေးချင်းညီအစ်ကိုများအကြားထားရှိသည့် ခိုင်မာသောသစ္စာတရားနှင့် အပြန်အလှန် ယုံကြည်မှုသည်သာ အခြေခံအကျဆုံးနှင့် တန်ဖိုးအရှိဆုံးအုတ်မြစ်ဖြစ်ပါသည်။ မိမိတို့မျှော်မှန်းသည့် အနာဂတ်ပန်းတိုင်သည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်း၏ အင်အားဖြင့်မဟုတ်ဘဲ စုပေါင်းသစ္စာပြုထားသည့် ညီညွတ်ခြင်းအင်အားဖြင့်သာ ပုံဖော်ရမည်ဖြစ်ပြီး ထိုအင်အားသည်ပင် နိုင်ငံတော်ကို အေးချမ်းသာယာသော လမ်းပြမြေပုံထက်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
Jan 23, 2026၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့သည် အသက် ၁၉ နှစ်အရွယ် မဇူးဇူးအတွက် ပထမဆုံးမဲပေးရသည့်နေ့ဖြစ်သည်။ အတွေ့အကြုံသစ်ဖြစ်သည့်အတွက် စိတ်စောနေပြီး ဒီဇင်ဘာနံနက်ခင်း နှင်းမကွဲခင်အချိန်ကပင် မဲရုံဆီသို့ သုတ်ခြေတင်ခဲ့သော်လည်း မဇူးဇူးကဲ့သို့ ဝီရိယကောင်းသည့် လူများစွာက မဲရုံတွင် ရောက်ရှိနေကာ စနစ်တကျ တန်းစီနေရာယူထားကြသည်။
Jan 22, 2026နိုင်ငံတစ်နိုင်ငံလို့ ဆိုလိုက်တာနဲ့ အဲဒီနိုင်ငံရဲ့အချုပ်အခြာအာဏာ(Sovereignty)နဲ့ နယ်မြေလုံခြုံရေးဆိုတာ အသက်တမျှအရေးကြီးပါတယ်။ ကမ္ဘာ့မြေပုံပေါ်က ဘယ်နိုင်ငံရဲ့ အစိုးရမဆို သူတို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲစခန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းတိုက်ခိုက် လာရင် လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ဒါဟာနိုင်ငံတကာဥပဒေအရရော နိုင်ငံတစ်နိုင်ငံရဲ့ ခုခံပိုင်ခွင့်အရပါ တရားဝင်တဲ့တုံ့ပြန်မှုဖြစ်ပါတယ်။
Jan 20, 2026လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခု နီးပါးကာလအတွင်း ဝါရှင်တန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒရပ်တည်ချက်မှာ ကိုယ်ကျင့်တရားဆိုင်ရာ အမျက်ထွက်မှုနှင့် မဟာဗျူဟာမြောက် လျစ်လျူရှုမှုတို့အကြား လူးလားခေါက်တုံ့ ဖြစ်နေခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းတွင် လူ့အခွင့်အရေးချိုးဖောက် မှုများရှိခဲ့သည်ဆိုသည့်အပေါ် မည်သို့မျှ ငြင်းဆိုမည် မဟုတ်သော်လည်း မေးခွန်းထုတ်စရာမှာ အနာဂတ်အတွက် မဟာဗျူဟာမြောက် စဉ်းစားရမည့်အစား ထိုကိစ္စရပ်များကို အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အပေါ် ဘယ်လောက်ကြာကြာ လွှမ်းမိုးခွင့်ပေးထား မည်နည်းဟူသော အချက်ဖြစ်ပါသည်။
Jan 20, 2026ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jan 19, 2026မြန်မာနိုင်ငံမှာ အများစုဗုဒ္ဓဘာသာဝင်ပြည်သူတွေက အနည်းစုအခြားဘာသာဝင်တွေနဲ့အတူ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြပါတယ်။ အရေးကြုံတိုင်းအပြန်အလှန်ကူညီထောက်ပံ့ အားပေးကြပါတယ်။ ၁၃၅ မျိုးမည်သောတိုင်းရင်းသားမျိုးနွယ်စုတွေဟာ အေးအတူ၊ ပူအမျှ လက်တွဲ နေထိုင်ကြပါတယ်။ ပြဿနာတွေဖြစ်လာတိုင်းလည်း လက်တွဲဖြေရှင်းလေ့ရှိကြတယ်။
