နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ခဲ့မှုမှ ပြစ်မှုကျူးလွန်သူများနှင့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်ရာတွင် ပါဝင်ကျူးလွန်သူများအား ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဥတ္တရခရိုင်တရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် ထိရောက်ပြစ်ဒဏ်အမိန့်များအသီးသီး ချမှတ်ခဲ့ကြောင်းသိရသည်။
