မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


Jun 17, 2025
နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် စာမေးပွဲ ပထမနေ့ ဇွန် ၁၆ ရက်မှစတင်၍ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာန ၁၉၅ ခု၌ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ၆၂၈၀၀ ဦး (ဖြေဆိုရာခိုင်နှုန်း ၉၈.၆၃ ရာခိုင်နှုန်း)ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

Jun 17, 2025
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို ယနေ့ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Jun 17, 2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နှင့် ကောင်းမှုတုံရပ်ကွက်အတွင်း၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများပူးပေါင်းကာ Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရသက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခြင်းများ လုပ်ကိုင်ခဲ့ပါသည်။

Jun 17, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၇၀ ဦး၊ အီသီယိုးပီးယား နိုင်ငံသား ၅၆ ဦး၊ ကင်မရွန်းနိုင်ငံသား ရှစ်ဦးနှင့် ဂါနာနိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၆ ဦးတို့အား ယနေ့တွင် မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသားခုနစ်ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

Jun 17, 2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကုလားတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ ၉ ဦး၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ဇွန် ၁၆ ရက်နံနက်ပိုင်း မြန်မာစာဘာသာရပ် ဖြေဆိုပြီးသည့်နောက် ထပ်မံခြိမ်းခြောက်မှုများ ပြုလုပ်လာသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုခြင်းမရှိတော့ဘဲ ၎င်းတို့၏နေရပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

Jun 17, 2025
ဇွန် ၁၆ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၄၄ မိနစ် ၀၁ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၄၉ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် ၁၀ ဒသမ ၉၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၂၈ ဒီဂရီ၊ အနက် ၁၂၄ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။

Jun 17, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Jun 17, 2025
၂၀၂၅ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်းပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် သီဟသူရထွန်းတင်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ကိုယ်စား နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်ကွပ်ကဲမှုဌာန ချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
နောက်ဆုံးရသတင်းများ

Jun 17, 2025Latest News
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်

Jun 17, 2025Latest News
နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် စာမေးပွဲ ပထမနေ့ ဇွန် ၁၆ ရက်မှစတင်၍ သက်ဆိုင်ရာမြိ

Jun 17, 2025Latest News
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို ယနေ့ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့

Jun 17, 2025Latest News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နှင့် ကောင်းမှုတုံရပ်ကွက်အတွင်း၌ တရုတ်နိုင်ငံသားများနှင့်

Jun 17, 2025Latest News
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မ
ဆောင်းပါးကဏ္ဍ
- Jun 17, 2025ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
- Jun 17, 2025ကမ္ဘာကြီးမှာ ဆူဆူညံညံဖြစ်နေတာ ကြာပါပြီ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး နောက်ပိုင်း အဲဒီအသံတွေ ပိုကျယ်လာတာပါ။ ပြောမယ်ဆို ကမ္ဘာကြီးက အတော်ကိုကွဲနေတာပေါ့။ ညှိနှိုင်းလို့မရနိုင်လောက်အောင် ကွဲနေတာပါ။ လူတွေက ဘာတွေများဖြစ်လာဦးမလဲဆိုပြီး စိုးရိမ်ကြတယ်။
- Jun 17, 2025အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) တွေကို ၂၀၁၉ ခုနှစ်မှစပြီး ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့ အစည်း ၁၄ ခုမှာ ရှေ့ပြေးစီမံကိန်းအဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်အထိ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း ၃၇ ခု၊ နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၅ ခု မှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရှိရပါတယ်။
- Jun 16, 2025ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
- Jun 16, 2025“ဃရာဝါသော ဗဟုကိစ္စော- ကိစ္စမြားမြောင်လူတို့ဘောင်” ဆိုသည့် ဆိုရိုးစကားနှင့်အညီ နိစ္စဓူဝကိစ္စအမျိုးမျိုးဖြင့် အချိန်ကုန်နေရသည့် လူ့ဘောင်လောကလူ့ဘဝတွင် လူသားတို့အနေဖြင့် လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အချိန်ပေးရမည်ဖြစ်သည်။ လူမှုပတ်ဝန်းကျင် အပါအဝင် လူ့ဘောင်လောက လူ့ဘဝကိုအကျိုးပြုနိုင်မည့် အလုပ်ဟုဆိုလိုက်ပါလျှင် “ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း” စသည့် ကိုယ်ကျိုး ကိုဘေးဖယ်ထားပြီး အများအကျိုးကို ဦးတည်ဆောင်ရွက်ရသည့် အလုပ်များကိုသာ ပြေးမြင်မိကြသည်။ ထိုကဲ့သို့သော လူမှုပတ်ဝန်းကျင်တွင် အများအကျိုးကိုဦးတည်သည့် ပရဟိတလုပ်ငန်းများအနက် ကိုယ်ကျိုးကိုလည်းပြည့်ဝစေ၊ အများအကျိုးကိုလည်း ဖြစ်စေသည့် အလုပ်များလည်းရှိတတ်သည်။
- Jun 16, 2025ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ၂၀၂၀ ပြည့်နှစ်က စတင်အတည်ပြုတွေ့ရှိခဲ့ပြီး အဆိုပါရောဂါကြောင့် ကမ္ဘာတစ်ဝန်း ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ ယခုအခါမှာလည်း နိုင်ငံအချို့မှာ ကိုဗစ်-၁၉ တစ်ကျော့ပြန် ကူးစက်လာတာကို တွေ့ရှိလာပါတယ်။ ထိုင်း၊ အိန္ဒိယ၊ အင်္ဂလန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နယူးဇီလန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေကို ဖော်ပြအပ်ပါတယ်။