သတင်းများ

Post date: 07/02/2020 - 20:15

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ NCA -S EAO  ၏ ပဥ္စမအကြိမ် အလုပ် အဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင်  ကျင်းပသည်။

Post date: 07/02/2020 - 20:10

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရက ပေးအပ်သည့် အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ (၃) ခု လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 07/02/2020 - 19:25

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြပြီး အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့က အသိအမှတ်ပြုဂုဏ်ပြုလွှာ များပေးအပ်ခဲ့သည့် ရှမ်းပြည်နယ် အရှေ့ ပိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့၀င်များ၏ အတွေ့အကြုံ၊ အခက်အခဲ များ၊ စိတ်ခံစားချက်များကို သိရှိနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် အမျိုးသား အဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့  အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

Post date: 07/02/2020 - 19:07

ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၇ နာရီတွင်  နေပြည်တော်၊ မြို့ရှောင် လမ်း(V-4) လမ်း၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက် အမှတ်(၁၃)၊ သစ်တော မြေနေ ရာတွင်

Post date: 07/02/2020 - 18:14

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

Post date: 07/02/2020 - 17:36

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  အားလုံးပူးပေါင်းပြီး Covid ကို အပြီးအပြတ် အနိုင်ယူနိုင်ဖို့ ဇွဲ၊ လုံ့လတွေ ထုတ်ကြရအောင်ဟု  ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင်  ရေးသား ဖော်ပြ ထားသည်။

Post date: 07/02/2020 - 14:44

၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ပျဉ်းမနားမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ Middle Land ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော ရွာကောက်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း အုန်းတောဘုန်းကြီးကျောင်း၊ သံလမ်းဂိတ်အနီးတွင် Box Culvert (၁)စင်း ဆောင်ရွက်မည်ဖြစ်ပါသည်။

Post date: 07/02/2020 - 11:41

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ချင်းပြည်နယ်အတွင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ၄/၂၀၂၀ လုပ်ငန်းညိှနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဉက္ကဋ္ဌ၊

Post date: 07/02/2020 - 11:35

ဟားခါးမြို့၊ မြို့ပြစီမံကိန်း ဧက(၆၇၆)ဧရိယာအတွင်းရှိ မြေကွက်များအား ပြည်သူများထံ မြေနေရာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်၍အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

Post date: 07/02/2020 - 11:23

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ထောက်ပံ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပသည်။

Pages