အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဥတ္တရသီရိ မြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ အားကစားကွင်းအတွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ VIP မှန်ခန်းအထူးတန်းပွဲကြည့်စင်၊ ဘောလုံးကွင်း၊ အားကစားရုံ (C) နှင့် ရေကူးကန်ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jan 11, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာအနီး ပဲခူးမြစ်ခွဲစစ်ပင်ဆိပ်ချောင်းပေါ်၌ ဆောင်ရွက်ထားသော ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်များသို့ နှစ်စဉ်နွေစပါးနှင့်် အခြားသီးနှံစိုက်ပျိုးရေပေးဝေရန် ဆောင်ရွက်ထားသည့် စစ်ပင်ဆိပ်ယာယီချောင်းပိတ် မြေသားတမံဆောင်ရွက်ထားရှိမှုနှင့် ရေရှည်အတွက် ရေတံခါးတည်ဆောက်ရန် လျာထားနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၃/၂၀၂၅ - ၂၀၂၆) ကြိမ်မြောက်စည်းဝေး
Jan 11, 2026
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၅-၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) အစည်းအဝေးခန်းမ၌ကျင်းပသည်။
Jan 11, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယမန်နေ့က အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကြို့ပင်သာကျေးရွာသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကြို့ပင်သာ-ပေါင်းလောင်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးကွန်ကရစ်တံတားပေ ၆၀၀ ကို ဆက်သွယ်သွားလာမှုမပြတ်တောက်စေရန် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခဲ့မှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jan 11, 2026
နေပြည်တော်ကောင်စီ နယ်မြေတပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံဟင်းသီးဟင်းရွက်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ဇန်နဝါရီ ၈ ရက်က စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနနှင့် မွေးမြူရေးတက္ကသိုလ်မှ ပညာရှင်များက နွယ်ရစ်ကျေးရွာ တောင်သူ ဦးဆန်းမင်း၏ ပန်းမုန်လာစိမ်းစိုက်ခင်းတွင် ကွင်းသရုပ်ပြပွဲကျင်းပသည်။
Jan 11, 2026
မြန်မာနိုင်ငံ၏ ငွေပေးချေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးမဟာဗျူဟာအဆင့်တွင် ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတော်ငွေပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
Jan 11, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ်နှင့် မိုးညှင်းတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Jan 11, 2026
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ နဒီအောင်မြေရပ်ကွက်ရှိ မဲရုံအမှတ် (၁) သို့ သွားရောက်၍ ဇန်နဝါရီ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနိုင်ရေး မဲရုံလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Jan 11, 2026
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အင်းလျက်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဖန်ခါးကုန်းကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
နောက်ဆုံးရသတင်းများ
Jan 11, 2026Latest News
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဥတ္တရသီရိ မြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ အားကစားကွင်းအတွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်း
Jan 11, 2026Latest News
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာအနီး ပဲခူးမြစ်ခွဲစစ်ပင်ဆိပ်ချောင်းပေါ်၌ ဆောင်ရွက်ထားသော ပဲခူး၊ ဝေါ၊ သနပ်ပ
Jan 11, 2026Latest News
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၃/၂၀၂၅ - ၂၀၂၆) ကြိမ်မြောက်စည်းဝေး
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၅-၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) အစည်းအဝေးခန်းမ၌ကျင်းပသည်။
Jan 11, 2026Latest News
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယမန်နေ့က အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကြို့ပင်သာကျေးရွာသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့
Jan 11, 2026Latest News
နေပြည်တော်ကောင်စီ နယ်မြေတပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံဟင်းသီးဟင်းရွက်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ဇန်နဝါရီ ၈ ရက်က စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနနှင့် မွေးမြူရေးတက္ကသိုလ်မှ ပညာရှင်များက နွယ်ရစ်ကျ
ဆောင်းပါးကဏ္ဍ
Jan 10, 2026ပြည်တွင်းပဋိပက္ခများ၊ နိုင်ငံတကာဖိအားများနှင့် နိုင်ငံသစ္စာဖောက် အကြမ်းဖက်သမားတို့၏ အဖျက်လုပ်ရပ်များကြောင့် စိန်ခေါ်မှုများစွာရှိခဲ့ရသည့် မြန်မာပြည်သူတို့မှာ မိမိတို့အသံကို ကျယ်လောင်လွတ်လပ်စွာထုတ်ဖော်နိုင်မည့် အားလုံးပါဝင်နိုင်သော စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီခရီးလမ်းကို ပြန်လည်လျှောက်လှမ်းနိုင်တော့မည့် နေ့ရက်ကို အစဉ်တစိုက် စောင့်မျှော်ခဲ့ကြရသည်။ ထိုမျှော်လင့်ချက်ပြည့်ဝမည့် ရောင်နီဖြာမည့် မနက်ဖြန်သည် ကျွန်ုပ်တို့ ရှေ့မှောက် အမှန်တကယ်ရောက်ရှိလာခဲ့ပြီ။
Jan 09, 2026ရွေးကောက်ပွဲ အပိုင်း(၂)အတွက် မဲရုံတံခါးကြီးက ဇန်နဝါရီ ၁၁ ရက်တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် မဲဆန္ဒနယ်များမှ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲပေးကြတော့မည်။ နိုင်ငံအတွင်းမှ မြို့နယ် ၁၀၀ တွင် ရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ထို့အတူ မဲဆန္ဒရှင်ပြည်သူတိုင်း အေးချမ်းလုံခြုံစွာ ဆန္ဒနှင့်အညီ လွတ်လွတ်လပ်လပ်ဆန္ဒမဲပေးနိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်။
Jan 09, 2026လူငယ်ဟူသည်ဖျတ်လတ်သည်၊ တက်ကြွသည်၊ လုပ်ချင်ကိုင်ချင်စိတ်ပြင်းပြသည်၊ တီထွင်ကြံဆလိုစိတ်ကြီးမားသည်။ ထို့ကြောင့် ဖျတ်လတ်တက်ကြွ၍ ဖြစ်ထွန်းအောင်မြင်လိုစိတ်ပြင်းပြသော စိတ်ဓာတ်ခွန်အားရှိသည့် လူငယ်တို့ကို လူ့အဖွဲ့အစည်းတိုင်းတွင် အလေးထားနေရာပေးနေကြခြင်းဖြစ်သည်။ ယနေ့ကာလအချိန်အခါသည် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ အံ့မခန်းတိုးတက်နေသောခေတ်ဖြစ်သည်။ အဆိုပါ နည်းပညာတိုးတက်မှုနှင့် လူငယ်တို့၏ စွန့်ဦးတီထွင်လုပ်ကိုင်လိုစိတ်ပေါင်းစပ်ပေး၍ သင့်လျော်စွာ အသုံးပြုနိုင်ပါက နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းသော မောင်နှင်အားတစ်ရပ်ဖြစ်လာပေလိမ့်မည်။
Jan 09, 2026ပြည်တွင်းပြည်ပ ဖိအားမျိုးစုံနှင့် စိန်ခေါ်မှုမျိုးစုံကြားမှ ကျင်းပခဲ့ရသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)က အောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ။ အမှန်တကယ်လည်း ဖိအားများစွာ၊ စိန်ခေါ်မှုမျိုးစုံအောက်တွင် ကျင်းပခဲ့ရခြင်းဖြစ်သည်။ သို့သော် တည်ငြိမ်အေးချမ်းစွာလုပ်သင့်သည်ကို လုပ်နိုင်ခဲ့ကြသည်။ အောင်မြင့်သင့်သလောက် အောင်မြင်ခဲ့ကြသည်။ ကြီးမားသောဖိအားများအောက်က ထိုအောင်မြင်မှုများကား နောက်ထပ်ကျင်းပမည့် အပိုင်း(၂)နှင့် အပိုင်း (၃)တို့အတွက် အားသာချက်များဖြစ်စေခဲ့ပါပြီ။
Jan 08, 2026၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ၏ စိတ်အား ထက်သန်စွာ အားတက်သရောမဲပေးမှုနှင့်အတူ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများလည်း ပေါ်ထွက်လာပြီဖြစ်သည်။
Jan 07, 2026မဟာဗောဓိရုပ်သံမှာ တရားမိုးတွေ ဘယ်လိုပဲရွာနေပါစေ၊ အိမ်တွေမှာ အိမ်ထောင်ရေးဖောက်ပြန် တဲ့ဇာတ်လမ်းတွဲ၊ လက်စားချေမှုတွေနဲ့ ရှုပ်ထွေးပွေလီနေတဲ့ ဇာတ်လမ်းတွဲတွေပါတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို မက်မက်မောမော ရွေးချယ် ကြည့်ရှုလေ့ရှိကြတာ သတိထားမိပါတယ်။
