၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများကို ယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ခါကာဘိုရာဇီအစည်းအဝေးခန်းမ၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌လည်းကောင်း အသီးသီးပြုလုပ်ရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 27, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် ယနေ့နံနက် ၁၁:၀၀ နာရီတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ရောက်ရှိလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်(၁) ဗိုလ်မှူးကြီး ရဲမိုး၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Dec 27, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ကာဇက်စတန်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E. Mr. Yerman Mukhtar အား ယနေ့နေ့လယ် ၁၃:၄၅ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၊ ပုဂံဆောင် ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Dec 27, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov အား ယနေ့နေ့လယ် ၁၄:၃၀ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၊ ပုဂံဆောင်ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Dec 27, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁၃:၀၀ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးတက်ရောက်၍ အမှာစကားပြောကြားသည်။
Dec 27, 2025
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို ၂၀-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် လည်းကောင်း၊ အပိုင်း(၂)တွင် ပါဝင်သည့်မြို့နယ် ၁၀၀ မြို့နယ်စာရင်းကို ၂၈-၁၀-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့်လည်းကောင်း၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် လွှတ်တော်အသီးသီး၏မဲဆန္ဒနယ် ၁၂၁ နယ် (၅၆ မြို့နယ်) ကို ၁၄ - ၉ - ၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၀၃/၂၀၂၅) ဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် မြို့နယ် ၆၃ မြို့နယ်စာရင်းကို ၂၅-၁၂-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် ( ၁၇၀/၂၀၂၅ ) ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
Dec 27, 2025
ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာခြင်း
Dec 27, 2025
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၅ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Dec 27, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
နောက်ဆုံးရသတင်းများ
Dec 27, 2025Latest News
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများကို ယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ခါကာဘိုရာဇီအစည်းအဝေးခန်းမ၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာ
Dec 27, 2025Latest News
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် ယနေ့နံနက် ၁၁:၀၀ နာရီတွင် လေကြောင်းခရီးဖြင့် နေပြည်တော်
Dec 27, 2025Latest News
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ကာဇက်စတန်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E. Mr. Yerman Mukhtar အား ယနေ့နေ့လယ် ၁၃:၄၅ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၊ ပုဂံဆောင်
Dec 27, 2025Latest News
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov အား ယနေ့နေ့လယ် ၁၄:၃၀ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၊ ပုဂံဆောင်ဧည့်တွေ
Dec 27, 2025Latest News
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ရွေးကောက်ပွ
ဆောင်းပါးကဏ္ဍ
Dec 27, 2025ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းနဲ့ ကျင်းပပြီးတဲ့နောက်မှာ အနိုင်ရပါတီကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကိုလိုလားတဲ့ ပြည်သူတွေအတွက် ရွေးကောက်ပွဲတွေကို မြင်တွေ့ကြရပါတော့မယ်။ လွှတ်တော်တွေလည်း ပေါ်ထွက်လာပြီး လွှတ်တော်အသစ်၊ ရွေးကောက်ပွဲအသစ်တွေနဲ့တကွ ပြည်သူအားလုံးရဲ့လိုလားချက်နဲ့ကိုက်ညီမယ့် နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုလည်း မကြာမီဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
Dec 27, 2025မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကောင်းမွန်သော ရာသီဥတုအရ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းကာ လူဦးရေအများစုမှာ လယ်ယာလုပ်ငန်းနှင့် လယ်ယာအခြေပြု စီးပွားရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်နှင့် သစ်သီးဝလံအမျိုးအစား အများအပြားသည် မြန်မာ့အဓိကထွက်ကုန်များ ဖြစ်ကြသည်။
Dec 27, 2025မူပိုင်ခွင့်ဆိုသည်မှာ မိမိ၏ကိုယ်ပိုင်အသိဉာဏ်ကိုအသုံးပြု၍ ပြုလုပ်ထားသော တီထွင်မှုနှင့် ဖန်တီးမှုများရလဒ်များကို အသုံးပြုရန်နှင့် အကာအကွယ်ပေးရန် ဥပဒေအရ ပေးအပ်သည့် အခွင့်အရေးများကို ဆိုလိုသည်။ နည်းပညာဆန်းသစ်တီထွင်မှုများ၊ ဆန်းသစ်သောထုတ်ကုန်ဒီဇိုင်းနှင့် ထုပ်ပိုးမှုဒီဇိုင်းများ၊ ထုတ်ကုန်များတွင် အသုံးပြုသည့် အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုသည့်အမှတ်တံဆိပ်များနှင့် စာပေနှင့် အနုပညာဖန်တီးမှုများ ပါဝင်သည်။
Dec 26, 2025ကဲ... ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတော့မယ်ဆိုတော့ နိုင်ငံတကာ မီဒီယာကြီးတွေလည်း အလုပ်ရှုပ်လာကြပြီလေ။ မကြာသေးခင်က ထွက်လာတဲ့ Reuters သတင်းတစ်ပုဒ်ကိုပဲကြည့်လိုက်၊ ခေါင်းစဉ်က “မြန်မာစစ်ကောင်စီစစ်တလင်းကနေ မဲပုံးဆီ အပြောင်းအလဲ၊ အောင်မြင်နိုင်ခြေနည်းပါး” တဲ့။ ဒီခေါင်းစဉ်မျိုးက အခုမှ ကြားဖူးတာမှ မဟုတ်တာ၊ အရင်ကလည်း ရာနဲ့ချီပြီး ကြားခဲ့ရတာပဲ။ ဒီရွေးကောက်ပွဲက မအောင်မြင်နိုင်ဘူး၊ “ဟန်ပြ” သက်သက်ပဲ၊ အစိုးရကလည်း ပြိုလဲခါနီးပြီဆိုပြီး ပုံဖော်ရေးသားနေကြတာပါပဲ။
Dec 26, 2025မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် တည်ငြိမ်အေးချမ်းမှုအပိုင်းတွင် တိုးတက်မှုများ ရှိလာသည်ကို အကြောင်းပြုလျက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက မြန်မာနိုင်ငံသားများအပေါ် ပေးအပ်ထားသော ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း (Temporary Protected Status for Burmese-TPS) ကို မကြာသေးမီက ရပ်စဲလိုက်ခြင်းသည် အမေရိကန်-မြန်မာ ဆက်ဆံရေးတွင် အပြောင်းအလဲများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အချက်ပြနေပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် စတင်ကျင်းပမည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရွေးကောက်ပွဲများသည် ဆယ်စုနှစ်များစွာကြာရပ်တန့်နေခဲ့သော အမေရိကန်-မြန်မာဆက်ဆံရေးကို ပြန်လည်ချိန်ညှိရန် ဝါရှင်တန် (အမေရိကန်အစိုးရ) အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်စေပြီး အရှေ့တောင်အာရှတစ်ဝန်းရှိ အမေရိကန်၏ မဟာဗျူဟာမြောက် နေရာယူရပ်တည်မှုအပေါ် သက်ရောက်မှုများ ရှိလာစေနိုင်ပါသည်။
Dec 24, 2025အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လန်ဒန်အခြေစိုက် ဘီဘီစီသတင်းဌာနကို အသရေဖျက်မှုနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တရားစွဲဆိုလိုက်ပြီး နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့မိန့်ခွန်းကို ဘီဘီစီသတင်းဌာနက အစီအစဉ်တစ်ခုမှာ တည်းဖြတ်ထုတ်လွှင့်မှုနဲ့ပတ်သက်လို့ တရားစွဲဆိုလိုက်တာလည်း ဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ တရားစွဲဆိုမှုမှာ အမှုနှစ်ခုပါဝင်ပြီး စွဲချက်တစ်ခုကို ဒေါ်လာငါးဘီလီယံနဲ့ စွဲချက်နှစ်ခုလုံးအတွက် စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံလျော်ကြေးပေးဖို့ သမ္မတဒေါ်နယ်ထရမ့်က ဘီဘီစီကို တောင်းဆိုထားပါတယ်။
