စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Dec 05, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၅) နေပြည်တော် လောကနတ်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
Dec 05, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွင် ပါဝင်နိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့်ပတ်သက်သည့် အဆိုပြုစာတွဲ (Nomination File) ကို UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ (Committee of Intangible Cultural Heritage) သို့ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်တွင် ပေးပို့တင်သွင်းခဲ့သည်။
Dec 05, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစား ပြိုင်ပွဲအုပ်စုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Dec 05, 2024
၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
Dec 05, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင် ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကိုယ်စားပြု အားကစားသမားများအားအောင် နိုင်ရေးအလံ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။
Dec 05, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool သည် ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy (NSA) မှ ကျောင်းသား ကျောင်းသူများအား “Russia and friendly countries in multipolar world” ခေါင်းစဉ် ဖြင့် သင်ခန်းစာပို့ချသည်။
Dec 05, 2024
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော် (မြန်မာ–ရုရှားချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ)သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA- OOL ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Dec 05, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပညာရေးဝန်ကြီးဌာန အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုအားကစားအဖွဲ့များမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နောက်ဆုံးရသတင်းများ
Dec 05, 2024Latest News
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေး ခန်း
Dec 05, 2024Latest News
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် သာသနာရေ
Dec 05, 2024Latest News
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွ
Dec 05, 2024Latest News
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစား ပြိုင်ပွဲအုပ်စုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Dec 05, 2024Latest News
၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ဆောင်းပါးကဏ္ဍ
- Dec 05, 2024နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်ငြိမ်အေးချမ်းလျက် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး ဦးတည်လျက် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်အနက် နိုင်ငံသားအားလုံး သက်ရှည်ကျန်းမာစေရေးအတွက် လူမှုရေးဦးတည်ချက် ဒုတိယအချက်တွင် “တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသောအချက်ကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အဆိုပါဦးတည်ချက် အောင်မြင်ပေါက်မြောက်ရန်အလို့ငှာ အားကစားကဏ္ဍသည် ပဓာနကျကြောင်းဖော်ညွှန်းနေပေသည်။
- Dec 05, 2024၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် UNESCO (United Nations Educational, Scientific and Cultural Organization) ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာညီလာခံ (Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage) ၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား မြန်မာတို့၏ ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် မဲခွဲအတည်ပြုဆုံးဖြတ်ကြရန် စီစဉ်ထားကြောင်းကြားသိရပါသည်။ အတာသင်္ကြန်ပွဲတော်ဟူသည် ရှေးနှစ်ထောင်ပေါင်းများစွာမှသည် ယနေ့တိုင်အောင် နှစ်စဉ်မပျက်မကွက် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး ပွဲတော်တစ်ခုပင် ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း မြန်မာတစ်မျိုးသားလုံးအပါအဝင် ကမ္ဘာလှည့်ခရီးသွားများ၊ လူမျိုး၊ ဘာသာ၊ လူတန်းစားမရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ ရှိကြသည့် ကမ္ဘာသိရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။
- Dec 04, 2024အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးအတွက် အောင်မြင်မှုအစဉ်အလာရှိသော အားကစားနည်းများကို ပထမဦးစားပေးသတ်မှတ်၍လည်းကောင်း၊ အောင်မြင်ရန် အလားအလာရှိသော အားကစားနည်းများကို ဒုတိယဦးစားပေးအဆင့် သတ်မှတ်၍လည်းကောင်း၊ အောင်မြင်မှုအလားအလာ နည်းပါးသော်လည်း အိုလံပစ်အားကစားနည်းဖြစ်ခြင်း၊ ယှဉ်ပြိုင်မှုမှတစ်ဆင့် လူသားဆန်သောအတွေးအခေါ်အယူအဆ ပေါင်းသင်းဆက်ဆံမှု မြင့်မားစေပြီး ဗလငါးတန်ဖွံ့ဖြိုးစေသည့် အားကစားနည်းများကို တတိယဦးစားပေးသတ်မှတ်၍လည်းကောင်း၊ ရေတို၊ ရေရှည်စီမံကိန်းထားရှိဆောင်ရွက်သင့်ပါသည်။ အောင်မြင်မှုအစဉ်အလာရှိသော အားကစားနည်းများကို သက်ဆိုင်ရာအားကစားအဖွဲ့ချုပ် (သို့) နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်စေမည်ဆိုပါက အရည်အသွေးပြည့်မီသည့် နိုင်ငံခြားသားနည်းပြများနှင့် အတွေ့အကြုံရှိသည့် ပြည်တွင်းနည်းပြများ ပူးတွဲတာဝန်ပေးအပ်၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်စေသင့်ပါသည်။ ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များ၏ တာဝန်ရှိသူများကိုလည်း မကြာခဏ စစ်ဆေးဆောင်ရွက်စေသင့်ပါသည်။
- Dec 03, 2024နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် စီးပွားရေးဦးတည်ချက် (၃) ရပ်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး” ဆိုသည့်အချက် ပါဝင်ပါသည်။
- Dec 03, 2024နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံသားတိုင်း၏ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်နေစိတ်ထားတို့ တိုက်ရိုက်အချိုးကျလျက်ရှိသည်ဟု မှတ်သားဖူးပါသည်။ သို့ဖြစ်၍လည်း အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးမှသည် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် လူငယ်လူရွယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဦးတည်ရည်မှန်းချက်များအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် ပါဝင်သော လူမှုရေးဦးတည်ချက် (၃) ရပ်၌ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ဦးတည်ရည်မှန်းချက်များကို ချမှတ်ပေးခဲ့ပါသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အဓိကဦးစားပေးဖော်ဆောင်လျက်ရှိသည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဖော်ဆောင်နိုင်မည်ဆိုပါက ကျန်လုပ်ငန်းစဉ် (၂) ရပ်မှာလည်း ကျွဲကူးရေပါဆိုသကဲ့သို့ အောင်မြင်မှု ရရှိလာနိုင်မည်ဖြစ်ပါသည်။
- Dec 03, 2024၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆောင်ခရမ်ဟူသည့် ရေကစားပွဲတော်အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုလိုက်သဖြင့် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ ဆောင်ခရမ်ပွဲတော်အား ဝှဲချီးကျင်းပကာ နာမည်ကျော်အနုပညာရှင်များဖြင့် promotion ဆင်းကာ ခရီးသွားလုပ်ငန်းတိုးတက်စေရေး လုပ်ဆောင်ခဲ့ကြပါသည်။ ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ထိုင်းတို့မှ ခိုးသွားသည်ဆိုသူဆို၊ အစိုးရ အလုပ်မလုပ်ဘူးဆိုသူဆို၊ ဒီတိုင်းကြည့်နေရမှာလားဆိုသူဆို စသဖြင့်ဝေဖန်သံများစွာ ထွက်ပေါ်လာခဲ့ပါ သည်။ ထိုင်းနိုင်ငံမှ ဆောင်ခရမ်အား ICH (Intangible Cultural Heritage) ဟူသည့် ဒြပ်မဲ့ယဉ်ကျေးမှု UNESCO သို့တင်ရာတွင် ထိုင်းနိုင်ငံသားတို့ နှစ်စဉ် နှစ်တိုင်းဆင်နွှဲသည့် ပွဲတော်တစ်ခုအနေဖြင့်သာတင်ခဲ့ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်၏ မူရင်းပုံစံ ဖြင့် တင်ခွင့်မရရှိခဲ့သည်ကို သိရှိသူနည်းပါးလှသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်ကိုလည်း ICH စာရင်းဝင်ရန်အတွက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust) ကဲ့သို့ NGO အဖွဲ့များ၊ Living Myanmar Media Group နှင့် Ko Hein’s Vlog ကဲ့သို့ မီဒီယာနှင့် ဆိုရှယ်မီဒီယာအဖွဲ့များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအား ချစ်မြတ်နိုးသည့် ပညာရှင်များနှင့် ပြည်သူများ ပူးပေါင်းကာ ၂၀၂၄ ခုနှစ်တွင် ကြိုးစားဆောင်ရွက် ခဲ့ကြောင်း ကြားသိရပါသည်။