၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
Jan 13, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား(၅)ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။
Jan 13, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ကင်ညာနိုင်ငံသား ၅၉ ဦး၊ ယူဂန်ဒါနိုင်ငံသား ၂၀ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၁၃ ဦး၊ ကင်မရွန်းနိုင်ငံသားသုံးဦး၊ ဂါနာနိုင်ငံသားသုံးဦး၊ ဆီရီရာလီယွန်နိုင်ငံသား နှစ်ဦး၊ လိုင်ဘေးရီးယားနိုင်ငံသားတစ်ဦး၊ မာလာဝီနိုင်ငံသားတစ်ဦးနှင့် ဘူရွန်ဒီနိုင်ငံသားတစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၀၃ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
Jan 13, 2026
“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အဖွင့်အမှာစကားပြောကြားသည်။
Jan 13, 2026
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြု ကျွမ်းကျင်မှုအတတ်ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Jan 13, 2026
ရွေးကောက်ပွဲအပိုင်း (၂) ၌ ပြည်သူများ ယုံကြည်ချက်အပြည့်ဖြင့် အေးချမ်းစွာ ဆန္ဒမဲပေးမှု မြင်ကွင်းများ
Jan 13, 2026
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ တားဆီးနှိမ်နင်းရေးအဖွဲ့များဖြစ်သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် မူးယစ်ဆေးဝါးသတင်း ရယူဖော်ထုတ်ဖမ်းဆီးရမိရေးစီမံချက် ချမှတ်ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။
Jan 13, 2026
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိ
Jan 13, 2026
၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၀ ရက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နောက်ဆုံးရသတင်းများ
Jan 13, 2026Latest News
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊
Jan 13, 2026Latest News
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာ
Jan 13, 2026Latest News
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊
Jan 13, 2026Latest News
“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြ
Jan 13, 2026Latest News
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြု ကျွမ်းကျင်မှုအတတ်ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရ
ဆောင်းပါးကဏ္ဍ
BBC သတင်းဌာနနှင့် ဂမ်ဘီယာရှေ့နေအဖွဲ့မှ ဦးဆောင်ရှေ့နေ Arsalan Suleman တို့၏ အင်တာဗျူးအား တုံ့ပြန်ချက်Jan 13, 2026နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို Genocide Convention ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုထားတာရှိပါတယ်။ ဒီအမှုဟာအခုဆိုရင် အပြီးသတ်ကြားနာပွဲအဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ဇန်နဝါရီလ ၁၀ ရက်နေ့က BBC သတင်းဌာနဟာ ဂမ်ဘီယာဘက်က ဦးဆောင်ရှေ့နေ Mr. Arsalan Suleman နဲ့ အင်တာဗျူးတစ်ခုကို ပြုလုပ်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ Mr. Suleman ပြောကြားခဲ့တဲ့ အချက်အလက်တွေကို အသေအချာဆန်းစစ်ကြည့်တဲ့အခါ သူတို့ရဲ့ရည်ရွယ်ချက် အစစ်အမှန်၊ တရားစီရင်ရေးအပေါ် မီဒီယာလွှမ်းမိုးမှု ရယူလိုတာတွေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်အချို့ကို တွေ့မြင်လာရပါတယ်။
Jan 12, 2026ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jan 12, 2026မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မတူကွဲပြားသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း သမိုင်းကြောင်းအသီးသီးတို့ရှိကြသည့်အပြင် လူမှုဘဝနေထိုင်မှုပုံစံမတူညီသော ပြည်ထောင်စုနိုင်ငံ တစ်ခုဖြစ်ပါသည်။
Jan 11, 2026မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မတူကွဲပြားသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း သမိုင်းကြောင်းအသီးသီးတို့ ရှိကြသည့်အပြင် လူမှုဘဝနေထိုင်မှုပုံစံ မတူညီသော ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ပါသည်။
Jan 10, 2026ပြည်တွင်းပဋိပက္ခများ၊ နိုင်ငံတကာဖိအားများနှင့် နိုင်ငံသစ္စာဖောက် အကြမ်းဖက်သမားတို့၏ အဖျက်လုပ်ရပ်များကြောင့် စိန်ခေါ်မှုများစွာရှိခဲ့ရသည့် မြန်မာပြည်သူတို့မှာ မိမိတို့အသံကို ကျယ်လောင်လွတ်လပ်စွာထုတ်ဖော်နိုင်မည့် အားလုံးပါဝင်နိုင်သော စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီခရီးလမ်းကို ပြန်လည်လျှောက်လှမ်းနိုင်တော့မည့် နေ့ရက်ကို အစဉ်တစိုက် စောင့်မျှော်ခဲ့ကြရသည်။ ထိုမျှော်လင့်ချက်ပြည့်ဝမည့် ရောင်နီဖြာမည့် မနက်ဖြန်သည် ကျွန်ုပ်တို့ ရှေ့မှောက် အမှန်တကယ်ရောက်ရှိလာခဲ့ပြီ။
Jan 09, 2026ရွေးကောက်ပွဲ အပိုင်း(၂)အတွက် မဲရုံတံခါးကြီးက ဇန်နဝါရီ ၁၁ ရက်တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် မဲဆန္ဒနယ်များမှ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲပေးကြတော့မည်။ နိုင်ငံအတွင်းမှ မြို့နယ် ၁၀၀ တွင် ရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ထို့အတူ မဲဆန္ဒရှင်ပြည်သူတိုင်း အေးချမ်းလုံခြုံစွာ ဆန္ဒနှင့်အညီ လွတ်လွတ်လပ်လပ်ဆန္ဒမဲပေးနိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်။
