ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့်ပတ်သက်လျှင် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နေရပ်စွန့်ခွာမှုအပေါ် လူ့အခွင့်အရေးရှုထောင့်တစ်ဖက်တည်းမှ ရှုမြင်ကာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဖိအားပေးခြင်းဖြင့် ကျိုးကြောင်းဆီလျော်မှန်ကန်သည့်ရလဒ် ရရှိနိုင်မည်မဟုတ်သည်ကို ဆယ်နှစ်ဆယ်မိုးကြာမြင့်ခဲ့ပြီဖြစ်သည့် အချိန်ကာလက သက်သေတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ကုလသမဂ္ဂတွင် တရားဝင် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်မရှိခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ သတင်း အချက်အလက်များကို မြန်မာနိုင်ငံအား ဆန့်ကျင်နေသည့် အရင်းအမြစ်များမှ ရယူခြင်း၊ အနောက်အုပ်စုမီဒီယာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မျှတမှုကင်းမဲ့သော သတင်းအဆိုးများကိုသာ အမြဲတစေမြင်တွေ့နေရခြင်းစသည်တို့က မြန်မာနိုင်ငံကို အဆိုးမြင်ဖြင့်သာ မြင်စေသည်။
Jul 11, 2026
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ (အင်နိုပရွန်)သို့ တက်ရောက် ဆွေးနွေးခဲ့သည်။
Jul 11, 2026
အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 11, 2026
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂၈) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
Jul 11, 2026
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ပဏ္ဍိတလမ်းရုံးအမှတ် (၄-ဂ) အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာစုစုဒွေးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
Jul 11, 2026
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကြာအင်း ကျေးရွာနေ ဒေါ်ပပလှိုင် အသက် ၃၂ နှစ်သည်သားဦးအမြွှာ ကိုယ်ဝန်ဖြင့် လှည်းကူးမြို့ ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူခဲ့ ပြီး ကိုယ်ဝန်ဆောင်ကာလ (၃၂)ပတ်ကျော်ချိန်တွင် ရေမြွှာပေါက်ခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်တွင် လှည်းကူးမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတက်ရောက်ခဲ့ပြီး ယင်းနေ့ည ၇ နာရီ ၅ မိနစ်တွင် ရင်ချင်းဆက်အမြွှာ မိန်းကလေးနှစ်ဦး (ဝမ်းဗိုက်နေရာမှ ဆက်နေသော Omphalopagus Type)ကို အောင်မြင်စွာ ခွဲစိတ် မွေးဖွားပေးနိုင်ခဲ့သည်။
Jul 11, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကိုကိုးကျွန်းမြို့နယ်မှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူရှစ်ဦးစလုံး အောင်မြင်ခဲ့ကာ တပ်မတော် မိသားစုဝင် သားသမီးများနှင့် တပ်မတော်(လေ)မှ တပ်သားတစ်ဦးလည်း ပါဝင်ခဲ့သည်။ ထိုကဲ့သို့ ပူးပေါင်းကြိုးပမ်း အားထုတ်မှုမှ အနာဂတ်ပန်းခင်းလမ်းကို ပုံဖော်စွမ်းဆောင်နိုင်ခဲ့ကြသော ကိုကိုးကျွန်းမှ ပညာ့အလင်း ဆောင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ၏ ဝမ်းသာပီတိ စကားသံများကို စုစည်းဖော်ပြ အပ်ပါသည်။
Jul 11, 2026
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 11, 2026
နီပေါ-မြန်မာ ဒီဂျစ်တယ်ကူးပြောင်းမှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင် ရွက်ရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးခတ္တာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နောက်ဆုံးရသတင်းများ
Jul 12, 2026Latest News
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့်ပတ်သက်လျှင် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နေရပ်စွန့်ခွာမှုအပေါ် လူ့အခွင့်အရေးရှုထောင့်တစ်ဖက်တည်းမှ ရှုမြင်ကာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဖိအားပေးခြင်းဖြင့် ကျိုးကြောင်းဆီလျော်မှန်ကန်သည့
Jul 11, 2026Latest News
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ၂၀၂၆ ခုနှစ
Jul 11, 2026Latest News
အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက
Jul 11, 2026Latest News
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂၈) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရ
Jul 11, 2026Latest News
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ပဏ္ဍိတလမ်းရုံးအမှတ် (၄-ဂ) အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခ
ဆောင်းပါးကဏ္ဍ
Jul 10, 2026တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေထွက်တဲ့ အချိန်က ကျောင်းသားလူငယ်အများစု ပျော်ရွှင်နေကြတာကိုတွေ့ရတော့ ကိုယ်တိုင်စာမေးပွဲအောင်သူ တစ်ယောက်လို အပျော်တွေ ကူးစက်ခဲ့ပါတယ်။
Jul 10, 2026ကမ္ဘာပေါ်ရှိ ဝါစိုက်ပျိုးသောနိုင်ငံအများစု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဝါစိုက်ပျိုးထုတ်လုပ်မှုအပေါ်တွင် များစွာမူတည်နေသည်။ ဝါထွက်ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ဝါသီးနှံတွင် ပိုးမွှားများမြောက်မြားစွာ ကျရောက်ခြင်းကြောင့်ဖြစ်သည်။
Jul 09, 2026ကမ္ဘာ့နိုင်ငံအသီးသီးသည် ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်မြောက်ခဲ့သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကမ္ဘာ့လူဦးရေနေ့သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူဦးရေနှင့်ပတ်သက်သည့် ပြဿနာများကို အရေးတကြီး ဖြေရှင်းနိုင်ရေးနှင့် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို လူသားအားလုံးအလေးဂရုပြု အာရုံစိုက်မိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
Jul 08, 2026မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသများ၌ ပြည်သူ့ကျန်းမာရေးကို နေ့စဉ်နှင့်အမျှ ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသော အင်းဆက်ပိုးမွှားများတွင် ယင်ကောင်နှင့် ခြင်များသည် အဓိကအတားအဆီးများဖြစ်ကြ၏။
Jul 08, 2026ဒုတိယအကြိမ်မြောက် အိတ်ဖွင့်ပေးစာတစ်စောင် ထပ်မံပေးပို့အပ်ပါတယ်။ ပထမအကြိမ် ပေးစာထဲမှာ မြန်မာနိုင်ငံအပေါ် အပြုသဘောမဆောင်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့ (Ms. Julie Bishop) ရဲ့ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တွေကို ပွင့်လင်းစွာထောက်ပြအသိပေးခဲ့ပါတယ်။ ယခု ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာမှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ခန့်အပ်ဖို့အတွက် အကြံပြုတိုက်တွန်းတဲ့စာဖြစ်ပါတယ်။
Jul 07, 2026နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီဖြစ်ပါသည်။ လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အာဆီယံနိုင်ငံများတွင် ပထမဆုံးသွားရောက်ခဲ့သည့်ခရီးစဉ် ဖြစ်ပါသည်။
