Skip to main content

ယုံကြည်လုံခြုံစိတ်ချ မဲပေးရေးစနစ်ကျ

ယခုအခါ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်ဖြစ်သည့် မဲဆန္ဒနယ်ပြင်ပရောက် နေသူများ အနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ဖွဲ့စည်းထားသော ကြိုတင်ဆန္ဒမဲ ကောက်ယူရေးအဖွဲ့များက အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲ များကိုအောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ တွင် လုပ်ငန်းများအားလုံး ပြီးစီးပြီ ဖြစ်သည်။ ။

တက္ကသိုလ် ဝေါဟာရ

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ဆောင်းပါးများ၊ ကဗျာများ၊ တေးသီချင်း များနှင့်အတူ တက္ကသိုလ်၏ပုံရိပ်များကို ပြန်လည်မြင်တွေ့ခံစားနေကြရပြီ။ တက္ကသိုလ် ဆိုသော ဝေါဟာရ ကို အနက်ဖွင့်ဆိုပါက အဆင့်မြင့်ပညာရပ်များကို သင်ကြားပို့ချ ဆည်းပူးရာ ကျောင်းကြီးအဖြစ် ယနေ့ခေတ်တွင် အလွယ်တကူ နားလည်နေကြပြီ ဖြစ်သော်လည်း ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် စတင်တည်ထောင်စဉ်ကာလကမူ တက္ကသိုလ် ဟူသည့် ဝေါဟာရ မပေါ်ပေါက်သေး။ အင်္ဂလိပ်ဝေါဟာရအားဖြင့် ရန်ကုန် ယူနီဗာစီတီ (Rangoon University) ဟူ၍သာ။

ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို MRTV မှ အပတ် စဉ် သောကြာနေ့ညတိုင်းပြသမည်

ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ် (၁၀၀) ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ နိုဝင်ဘာ ( ၆ ) ရက်ညတွင် ပွဲစဉ်(၄)အဖြစ် ဂီတမှူး စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ခင်မောင်ကြီး၊ စန္ဒရားဘသန်းတင် ၊ မိုးထက်မြင့် ၊ ဘုန်းသစ်၊ ခင်ညွန့်ရည်၊ နှင်းရည်သန့်၊ စိမ်းလဲ့လဲ့ ၊ စိမ့်နေခြည် ၊ သွန်း ၊ အိုပြည့်ရှင် ၊အေးမြဖြူတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမေး / အဖြေအစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှချေးငွေ ဂျပန်ယန်း ၄၂ ဒသမ ၇၇၉ ဘီလီယံ ရယူရေးဆိုင်ရာ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လဲလှယ်မှုစာချွန်လွှာနှင့် ချေးငွေစာချုပ် တို့ကို လက်မှတ်ရေးထိုး

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာန ကဆောင်ရွက်မည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထို လမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အိုဒီအေချေးငွေ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်မည့် အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (အဆင့်-၃) အတွက် အိုဒီအေ ချေးငွေ ဂျပန်ယန်း ၁၅ ဘီလီယံတို့အတွက် လဲလှယ်မှုစာချွန်လွှာများ (Exchange of Notes) နှင့် ချေးငွေစာချုပ်များ (Financing Agreements) ကို ယနေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ (JICA) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာ စာတမ်း ဖတ်ပွဲ အခမ်းအနားကျင်းပ

စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲ (The 4th International Conference on Advanced Information Technologies) (ICAIT 2020) အခမ်းအနားကို ရန်ကုန်မြို့ရှိ သတင်း အချက် အလက် နည်းပညာတက္ကသိုလ်၌ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန် ကျ ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများလက်ခံ၊ ဖြန့်ဖြူး ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ Volunteer များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများလက်ခံ၊ ဖြန့်ဖြူးရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁) နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ် -တိုင်ပေ) ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၂၃)ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၀)ကို ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ် သည့် China Airlines ကုန်တင်လေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီခွဲ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများနှင့် တာဝန်ရှိသူများ၏ စကားသံများ

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေး ပိုင်ခွင့် ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြသည်။

Subscribe to နေပြည်တော်