Skip to main content

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ ၁၃

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာ အနီးတွင် မိုးဝင်းအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း၊

အလားတူယင်းနေ့နံနက် ၈ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၊ နန်းနိမ့်ကျေးရွာနေ မောင်ကိုလတ်(ခ)စောတာတေ(ခ)စောထူး၏နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်း ၂၉ ကီလိုကို လည်းကောင်း၊

ထို့အတူယင်းနေ့မွန်းလွဲ ၃ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ မူဆယ်-လားရှိုးသွားကားလမ်း၊ မိုင်းယုကျေး ရွာတိုးဂိတ်အနီးတွင် ကျော်ညွန့်(ခ)ကျိုင်းညွန့် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အားရပ် တန့်ရှာဖွေရာ ဘိန်းစိမ်း ၁၂ ကီလိုကိုလည်းကောင်း၊

ထိုနေ့ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုးမိတ်-မိုးကုတ်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၂၅/၅)တွင် နိုင်လင်းထွန်း(ခ)သားသား မောင်းနှင်လာသောမော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၅၃,၁၅၀ ကိုလည်းကောင်း၊

အလားတူထိုနေ့မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့ ကျေးရွာ အနီး တွင် မအားချူးယာ(ခ)အဘူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

(ရဲပြန်ကြား)