Skip to main content

ဗန်ကောက်မြို့၊ ဆိုးလ်မြို့နှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး (၃)ရုံးနှင့် ဒူဘိုင်းမြို့ရှိ ပြင်ပမဲရုံခွဲ (၁)ခုတို့တွင် ကြိုတင် ဆန္ဒမဲ ဆက်လက်ပေး

နေပြည်တော် အောက်တိုဘာ ၁၈

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့ နောက်ဆုံးနေ့အဖြစ် ကြိုတင် ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၅၀၃) ဦး၊ ဆိုးလ် မြို့ရှိ မြန်မာ သံရုံး၌ မဲဆန္ဒရှင် (၇၂) ဉီးနှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၂၂၆၀) ခန့် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒူဘိုင်းမြို့ရှိ ပြင်ပမဲရုံခွဲ၌ ယနေ့ နောက်ဆုံးနေ့အဖြစ် မဲရုံဖွင့်လှစ်ခဲ့ရာ မဲဆန္ဒ ရှင် (၁၈၀ ) ခန့် ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား သက်ဆိုင်ရာနိုင်ငံများမှ ချမှတ်ထား သော ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ စနစ် တကျစီစဉ် ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များမှလည်း မြန်မာသံရုံးများမှ စီစဉ်ဆောင် ရွက်ထားရှိသည့် အတိုင်း လိုက်နာကာ စနစ်တကျ ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

သို့ပါ၍ ယနေ့ တွင် မြန်မာသံရုံး () ရုံးနှင့် ပြင်ပမဲရုံခွဲ ()ခုတို့၌ မဲဆန္ဒရှင် စုစုပေါင်း (၃၀၁၅) ဦးခန့် ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြကြောင်း သိရသည်။  

(သတင်းစဉ်)