Skip to main content

ရှမ်းပြည်နယ်အတွင်း မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲများ ကျင်းပ

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ရှမ်းပြည်နယ် အတွင်းရှိ ကလောမြို့နယ် ဟဲဟိုးမြို့ အင်းခေါင်း ဆည်၌ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ဦးဆောင်သော ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဝင်များ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးလွှမ်းမိုးဇော် နှင့် ဝန်ထမ်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ပြီး နှစ်လက်မအရွယ်ရှိ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ ၄၀၀၀၀ နှင့် ငါးခုံးမကြီး သားပေါက် ကောင်ရေ ၁၀၀၀၀၊ စုစုပေါင်းသားပေါက်ကောင် ရေ ၅၀၀၀၀အား စုပေါင်း၍ ဇီဝိတဒါနငါးမျိုး လွှတ်ပေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ဇနီး ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲတက်ရောက်

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိ ရပ်ကွက် ပျဉ်းမနား- တောင်ညိုလမ်းမဘေးရှိ မင်္ဂလာ ကန်တော်၌ ကျင်းပသည်။

မြစ်ကြီးနားမြို့နယ်နှင့် မိုးညှင်းမြို့နယ်အတွင်း KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်သို့ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA အဖွဲ့က ရှထောင်ကျေးရွာ၏အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ တောင်ကုန်းပေါ်မှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက် ဒုံး ၃ လုံးသည် နယ်မြေခံတပ်အနီး သို့လည်း ကောင်း၊ ရှော့တိုက်ဒုံး ၁ လုံး သည် အောက်မော်ဖောင်းကျေးရွာအတွင်းသို့ လည်းကောင်း အသီးသီး ကျရောက် ပေါက်ကွဲခဲ့သည်။
ရှော့တိုက်ဒုံးကျရောက်

ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်သူများအား ဖမ်းဆီးရမိ

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်း များ ဆောင်ရွက်လျက်ရှိသည်။

တိုင်းစစ်ဌာနချုပ်အလိုက် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများပြုလုပ်

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဉီးပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ် ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ခြင်းတို့ကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ ပြုလုပ် ကြသည်။

မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းတွင် တည်ထားကိုးကွယ်လျက်ရှိသည့် သမိုင်းဝင် သစ္စာမဏ္ဍိုင် စေတီတော်နှင့် ကျိုက်မရောမြို့နယ်၊ ဘုရားကြီးကျောင်းတိုက်အတွင်း ရှိ ပုဂံဆောင်ဘုံပြဿဒ်၌ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းတွင် တည်ထားကိုးကွယ်လျက်ရှိ သော သမိုင်းဝင်ဆံ တော်ရှင်သစ္စာမဏ္ဍိုင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့် တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်း တွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ အလှူတော်မင်္ဂလာအခမ်းအနားသို့ ခေါင်းဆေးကျွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အမှူးပြုသော သံဃာတော် များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မွန်ပြည်နယ်၊ စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ တက်ရောက် ကြည်ညိုကြသည်။

ဝေဒနာရှင်တို့၏မျက်နှာ

အနယ်နယ်အရပ်ရပ်တွင်ရှိသည့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးကုသရန် အခက်အခဲ များ ဖြစ်ပေါ်လျက် ရှိသည့်အတွက် ဆေးရုံဝန်ထမ်းများနှင့် လူနာရှင်များ၏ အကူအညီတောင်းခံမှုများ ကြောင့် တပ်မတော်ဆေးကုသရေး အဖွဲ့များကိုစေလွှတ်၍ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးနေရသည်။ CDM လုပ်သွားသည့် ဆရာဝန်များကြောင့် ပြည်သူ့ဆေးရုံများ တံခါးပိတ်ထားရသည့် အခြေအနေတွင် တပ်မတော်ဆေးရုံများ၌ အရပ်သားလူနာမြောက်မြားစွာ သွားရောက်ကုသနေကြရသည်။ ရောဂါဝေဒနာ ဟူသည် နေ့ည အချိန်ရွှေ့ဆိုင်းထား၍ မရသလို မဖြစ်မနေ အချိန်မှန် စစ်ဆေးကုသမှုပြုရမည့် ရောဂါမျိုးတွင်လည်း အကြောင်းကြောင်းကြောင့် ကုသမှုမရရှိနိုင်ပါက လူနာအဖို့ အန္တရာယ်ကြီးလှသည်။ နိုင်ငံရေးယုံကြည်ချက်၊ ခံစားချက်တို့ကို အကြောင်းပြု၍ တာဝန်တို့ကို စွန့်လွှတ်စွန့်ပစ်ခဲ့ခြင်းတို့၏ အကျိုးဆက်တို့ကို တိုက်ရိုက်ခံစားကြရ သူတို့မှာ ကံဆိုးလှရှာသည့်လူနာများပင်ဖြစ်သည်။ အထူးသဖြင့် ငွေကြေးအကုန်အကျ ခံကာ ပုဂ္ဂလိ ကဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်မကုသ နိုင်ကြသည့် ဝင်ငွေနည်းပြည်သူများဖြစ်သည့် ဝေဒနာရှင် များပင် ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျ ခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အား ဖြင့် လည်းကောင်း ၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုက ရေစီ နိုင်ငံ တော်သစ်တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူများမှလည်း တစ်ဖက် တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်း ကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ က အမိန့်အမှတ် ၁၁၃/၂၀၂၁ နှင့် ၁၁၄/၂၀၂၁ တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၂၃၀၄၇ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်းသူ ၁၃၇ ဦး၊ စုစုပေါင်း ၂၃၁၈၄ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်းသိရသည်။

လူမှုကွန်ရက်အားအသုံးပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက် ဖြင့် လှုံ့ဆော်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှား မှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ် ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော် ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြား ပါဝင် ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်(၁၇-၄-၂၀၂၁)

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန် များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
Subscribe to နေပြည်တော်