Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား များအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူ နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၄၃)ဦးအား စင်ကာပူ မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၃၅)ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိကြသည်။

ကမ်းလွန်လုပ်ကွက်အမှတ် M-5 နှင့် M-6 တို့တွင် တွင်းတူးဖော်ရေးလုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ပါ၍ ရေကြောင်းသတိပေးချက်ထုတ်ပြန်

မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း နှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော Total E&P Myanmar ကုမ္ပဏီသည် ကမ်းလွန် လုပ်ကွက် အမှတ် M-5 နှင့် M-6 တို့တွင် တွင်းတူးဖော်ရေးလုပ်ငန်းများကို Jack-Up Drilling Rig, COSL BOSS (Call Sign: 9V5684) ဖြင့် WP2 Platform တွင် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၉ မိနစ် ၀၉ ဒသမ ၅၆၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆ မိနစ် ၅၁ ဒသမ ၇၂၈ စက္ကန့်၊ WP4 Platform တွင် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၉ မိနစ် ၃၇ ဒသမ ၃၃၁ စက္ကန့် ၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၃ မိနစ် ၀၂ ဒသမ ၇၉၂ စက္ကန့်တို့တွင် (၁.၂.၂၀၂၁) ရက်နေ့မှ (၃၀.၆.၂၀၂၁) ရက်နေ့အထိ လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်းသိကောင်းစရာ အမေး/အဖြေ အစီအစဉ်

Sharing Economy အသုံးပြုရာတွင် လိုက်နာသင့်သည့်အချက်များနှင့် နယ်ပယ်အသီးသီးရှိ Digital Platform အခွင့်အလမ်း များနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်းသိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် ဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ တတိယအကြိမ်အစည်းအဝေး ကျင်းပ

အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် ဥပဒေများ သဟ ဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ တတိယအကြိမ်အစည်း အဝေးကို အွန်လိုင်းစနစ်ဖြင့် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ခေါင်းတစ်ရာသားစား၍ ကျန်းမာထောက်ကူ

ရှေးရှေးငယ်စဉ်က “အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။ ခေါင်းတစ်ရာသားကို စားပါ၊ ခေါင်းသုံးလုံးရှိသူထံမှာ သင်ယူပါ”တို့ကို သင်ကြားဖူးသည်။ ပြည်သူ တို့၏ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးရေးကို ရည်သန်အသိပေးထားသော အကြောင်းအရာဖြစ်သည်။ နေအိမ်တွင် သီးပင်စားပင်စိုက်ပါ။ အသားငါး များများစားသုံးပေးပါ။ အသိအမြင်ကြွယ်ဝသော လူကြီးသူမပညာရှိတို့ကို ဆည်းကပ်ပါဟူ၍ဖြစ်သည်။ ။

ရင့်ကျက်သော လောကအမြင်

မိမိ၏ အသက်ရှင်သန်ရပ်တည်မှုကို ထိပါးခြိမ်းခြောက်လာသော အရေးအရာများနှင့် ကိုယ်တွေ့ကြုံရသည့်အခါ လူတို့ တုန်လှုပ်လေ့ ရှိကြ၊ အထိတ်တလန့် ဖြစ်လေ့ရှိကြသည်မှာ ဓမ္မတာ။ ရင့်ကျက်သူ တို့သည်ကား ထို့ထက်ပိုမိုကာ မိမိတို့၏ဘဝအမြင်၊ လောကအမြင် များကိုပါ စနစ်တကျ တွေးခေါ်မိကြ၏။ အလေးအနက် စူးစမ်းရှုမြင်ကာ သင်ခန်းစာယူကြ၏။ လောကသစ္စာကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေကြည့်ကြ၏။

COVID-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန် တပ်မတော်က ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင် ထည့်ဝင်လှူဒါန်း

တပ်မတော်က COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ ယနေ့တွင် COVID-19 ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အတွက် ငွေကျပ်သန်း တစ်ထောင်ကို ပထမအကြိမ်အဖြစ် ပါဝင်လှူဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် မိသားစုပြိုင်ပွဲ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ် (၅)ကို ဇန်နဝါရီ (၈)ရက်၊ ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နေပြည်တော်ကောင်စီနယ်မြေရှိ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွပ်ကဲရေးရုံး သို့ သွားရောက်ကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Subscribe to နေပြည်တော်