Skip to main content

နေပြည်တော်၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ  

၂၀၂၁ခုနှစ်၊(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ၂၀၂၁ခုနှစ်၊(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အခမ်းအနားကျင်းပသွားမည့် လုပ်ငန်စဉ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးမင်းနောင်က (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး အတွက် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဆပ်ကော်မတီ အသီးသီးမှတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် လုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ဆွေးနွေးမှုများအပေါ် ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)