မကွေးတိုင်းဒေသကြီး

ဂန့်ဂေါမြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များသည်  ယနေ့နံနက် ၉ နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့မဈေးလမ်းထောင့်ရှိ လမ်းဆုံနေရာတို့တွင် ဈေးရောင်း/ ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား ဖြန့်ဝေခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် နွားလှကျေးရွာတွင် ရေစုတွင်းကျယ်ဖြင့် ရေရရှိရေး ဆောင်ရွက်နေမှု ကြည့်ရှု

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ နွားလှကျေးရွာအုပ်စု၊ နွားလှကျေးရွာသို့ ရောက်ရှိကာ ရေစုတွင်းကျယ်တူးဖော်၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ မစည်ပင်သာယာစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသဇာတ်တိုက်လေ့ကျင့်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မြို့မစည်ပင်သာယာမြို့ မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဇန်နဝါရီလ ၂၅ ရက်နံနက် ၉ နာရီခွဲက လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။

မြို့သစ်မြို့နယ်၊ နွားလှကျေးရွာ ကောဝိဒါရာမကျောင်းတော်သို့ နယ်လှည့်ဆေးကုသမှုဆောင်ရွက်ရာသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများစိုက်ထုတ် ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်အတွက် မကွေးသင်ကြား​ရေးဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများပါဝင်သော အခမဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် မြို့သစ်မြို့နယ်၊ နွားလှကျေးရွာ၊ ကောဝိဒါရာမ ကျောင်းတော်သို့ယမန်နေ့နံနက်ပိုင်းက ရောက်ရှိ၍အခမဲ့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ တက်ရောက်အားပေးသည်။

မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စာပေထူးချွန်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် NO.1 ကိုယ်ပိုင် အထက်တန်းကျောင်း(စကု)မှ ဦးဆောင်ကျင်းပသည့် စာပေထူးချွန်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးရေးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်  အမြဲမပျက်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learing Talk Show) နှင့် ပြိုင်ပွဲများ ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ကျောင်းသူလူငယ်များ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှု့ခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေတက်စေရန်၊ စာဖတ်သည့်အလေ့အထကောင်းများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိပြီး ထူးခွန်ထက်မြတ်သည့် နိုင်ငံသားကောင်းရတနာ ဖြစ်လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် အမြဲမပျက် လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show) ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ပန်းချီ/ပိုစတာပြိုင်ပွဲများကို ဇန်နဝါရီ ၂၂ ရက်နေ့က တောင်တွင်းကြီးမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်း(မိုးထိ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်

မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း (မိုးထိ) တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

နတ်မောက်မြို့နယ်တွင် (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နှီးခြင်းရက်လုပ်နည်း ရက်တိုသင်တန်းအခမဲ့ ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌ ခြင်းရက်လုပ်နည်း(အခမဲ့) ရက်တိုသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး