မြို့သစ် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ နွားလှကျေးရွာအုပ်စု၊ နွားလှကျေးရွာသို့ ရောက်ရှိကာ ရေစုတွင်းကျယ်တူးဖော်၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ယာယီရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နွားလှကျေးရွာတွင်၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် အတွင်း တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ(၄၂၁ ဒသမ ၆၁၆)ကျပ်သန်းဖြင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများတွင်တစ်နှစ်ပတ်လုံးသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ယင်းချောင်းအတွင်း ရေစုတွင်းကျယ် တူးဖော်ကာ ဆိုလာစနစ်ဖြင့် ရေစုပ်တင်ပြီး ရေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုအား ပြောကြားပြီးတောင်သူများ၏လိုအပ်ချက်များကို သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)