စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ မစည်ပင်သာယာစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသဇာတ်တိုက်လေ့ကျင့်

စလင်း ဇန်နဝါရီ ၂၅                  

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မြို့မစည်ပင်သာယာမြို့ မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဇန်နဝါရီလ ၂၅ ရက်နံနက် ၉ နာရီခွဲက လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ် ဦးဆောင်မှုဖြင့် ဆင်ဖြူကျွန်းမြို့နယ်၊ နယ်မြေခံသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များကမီးငြှိမ်းသတ်ယာဉ် မီးသတ်ရေသယ်ယာဉ်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးဇာတ် တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ဆေးဘူးများအသုံးပြု၍ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ၊ စုပေါင်းဆောင်ရွက်ခြင်း၊ ဟောပြော၊ သရုပ်ပြသဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)