နတ်မောက်မြို့နယ်တွင် (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဖြစ်ပေါ်လာပုံ၊ နောက်ခံသမိုင်းကြောင်းများနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းစဥ်များကို ကျောင်းသား/သူများအား ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်ပြီး စာစီစာကုံးပြိုင်ပွဲကို “ကျွန်ုပ်အနှစ်သက်ဆုံး စာအုပ်တစ်အုပ်”ခေါင်းစဥ်ဖြင့် ကျင်းပခဲ့သည်။ ထို့နောက် ကျောင်းသား/သူများ အသိပညာဗဟုသုတများရရှိစေရန် အထွေထွေဗဟုသုတဥာဏ်စမ်းမေးခွန်းများကို မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်များ အဖြစ် ဗလာစာအုပ်၊ ဘောပင်များကို ပေးခဲ့ကြောင်း သိရသည်။

လှဝင်း