မြို့သစ် ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများစိုက်ထုတ် ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်အတွက် မကွေးသင်ကြားရေးဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများပါဝင်သော အခမဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် မြို့သစ်မြို့နယ်၊ နွားလှကျေးရွာ၊ ကောဝိဒါရာမ ကျောင်းတော်သို့ယမန်နေ့နံနက်ပိုင်းက ရောက်ရှိ၍အခမဲ့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ တက်ရောက်အားပေးသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထူးကုဆရာဝန်ကြီးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဌာနအလိုက် ဆေးကုသမှုများ၊ ဆေးကုသရန် လာရောက်သည့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားသည်။
အဆိုပါအခမဲ့ကွင်းဆင်းဆေးကုသမှုခရီးစဥ်တွင်မကွေးသင်ကြားရေးဆေးရုံကြီးမှ Medical ဆရာဝန် (၂)ဦး၊ သူနာပြု(၁)ဦး၊ Surgical ဆရာဝန်(၁)ဦး၊ သူနာပြု(၁)၊ OG ဆရာဝန်(၁)ဦး၊ သူနာပြု(၁)ဦး၊ Child ဆ ရာဝန် (၁)ဦး၊ သူနာပြု(၁)ဦး၊ Eye ဆရာဝန်(၁)ဦး၊ သူနာပြု (၂)ဦး၊ Dental ဆရာဝန် (၁)ဦး၊ သူနာပြု(၁)ဦး၊ Phisio ကျွမ်းကျင်(၁)ဦး၊ သူနာပြု(၁)ဦးတို့သည် မြို့သစ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေးခဲ့ပြီး Medical လူနာ (၂၀၂)ဦး၊ Surgical လူနာ (၂၈) ဦး၊ OG လူနာ (၁၅)ဦး၊Child လူနာ (၂၁)ဦး၊EYE လူနာ (၄၈)ဦး၊ Dental လူနာ (၁၉)ဦး၊ Phisio လူနာ (၆၅)ဦး၊ စုစုပေါင်း လူနာ(၃၉၈)ဦးတို့ကို ကြည့်ရှုကုသပေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများကို မကွေးတိုင်းသင်ကြားရေးဆေးရုံကြီးတွင် ဆေးကုသမှုပေးနိုင်ရန်စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)