ရန်ကုန် ဖေဖော်ဝါရီ ၁၉
သန်လျင်ခရိုင် သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လမ်းစုံ၊ လမ်းခွများ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်စုံထွန်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များက မိဘပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ပေါ့ဆမီးများမဖြစ်ပေါ်ရေ၊ မီးဖိုများတွင် မီးကြွင်းမီးကျန်များ မရှိစေရေးနှင့် လျှပ်စစ်သုံးလူသုံးကုန်ပစ္စည်းများမှ လျှပ်စစ်ဝါယာလျှော့များ မဖြစ်စေရေး၊ သုံးရေသိုလှောင် ထားရှိမှုအပါအဝင် မီးသတ်ဆေးဘူး၊ မီးချိတ်/မီးကတ်နှင့် မီးဘေးကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျအသင့်ထားရှိရေးနှင့် မီးလောင်မှုဖြစ်ပေါ်ပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရေးတို့ကို လှည့်လည်နှိုးဆော်ခဲ့ကြောင်းနှင့် ပြည်သူတစ်ဦးချင်းစီတိုင်း နေ့ညမရွေး မီးဘေးကြိုတင်ကာကွယ်ရေး အသိ၊ သတိ အစဉ်အမြဲရှိနေစေရေးအတွက် မီးဘေးလုံခြုံရေး လှည့်လည်သတိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)