ဒဂုံ ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်း လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
နွေရာသီကိုရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမျိုးဇော်အောင်ကဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးနှင့်အတူ ကျောက်တံတားခရိုင်အတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဉ်ကို ကျောက်တံတတားခရိုင်အတွင်းရှိ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်နှင့် ဒဂုံမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ကြပြီး ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်မှုရှိစေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)