ပုသိမ် ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာကျောင်းလမ်း(၅.၅)ဖာလုံ ကတ္တရာလမ်း ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့် မီရေး၊ လမ်းပခုံးသားများစနစ်တကျဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလ အတွင်းပြီးစီးစေရေး မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၄)နှစ်မြောက် တောင်သူလယ် သမားနေ့ အခမ်းအနားကျင်းပပြုလုပ်မည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ ကွင်းသို့ သွားရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်းနှင့် သီးပင်စားပင် များဖြစ်သည့် သခွား၊ ဗူး၊ ကန်စွန်း၊ ငရုတ်၊ မုန်လာဥ၊ ချဉ်ပေါင်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ သခွား၊ မုန်လာဥ၊ သင်္ဘောစသည့် စိုက်ခင်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ကြည့်ရှုစစ် ဆေးခဲ့ရာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် သီးပင်စားပင်များအား စိုက်ပျိုးရေးနည်းစနစ်များနှင့်အညီ စနစ်တကျ စိုက်ပျိုးရန်၊ ပိုးမွှားများကျရောက်မှုမရှိစေရေးဆောင်ရွက်ရန်၊ သီးပင်စားပင်များ အချိန်မီသီးပွင့် စေရေး၊ သစ်ပင်ပန်းမာန်များ စိမ်းလမ်းစိုပြေနေစေရေးနှင့် အချိန်မီဖူးပွင့်စေရေး၊ စိုက်ပျိုးရေး လုပ်ငန်းများ အပြင် မိသားစုတနိုင်တပိုင်မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူများအား အသိ ပညာပေးပြသနိုင်ရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ အမှိုက်များကင်းရှင်းစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ကိုးသိန်း အားကစားကွင်း အတွင်းတွင် ဖူဆယ်အားကစားရုံ (၁၅၀ ပေ × ၁၁၀ ပေ) အဆောက်အဦ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ် ဆေးခဲ့ပြီး အဆောက်အဦ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ကန်သုံးဆင့် အပန်းဖြေယျာဉ်အား ကြည့်ရှုစစ် ဆေးခဲ့ပြီး မြက်ခင်းများစိမ်းလန်းစိုပြေစေရေး၊ ပန်းခြံစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်၊ ပန်းပင်များ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် ပြည်သူများစိတ်အေးချမ်းစွာ အပန်းဖြေအနားယူ နိုင်ရေး၊ ပန်းခြံစဉ် ဆက်မပြတ်စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ရန်တာဝန်ရှိသူများအားမှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)