တံတားဦးမြို့နယ်၌ မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများထုတ်ပေးလျက်ရှိ

တံတားဦး ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးခဲ့သည့်နေအိမ်အဆောက်အဦများအတွက် နိုင်ငံတော်မှထောက်ပံ့သော သွပ်၊ သံ၊ ဘိလပ်မြေတို့ကို ပျက်စီးဆုံးရှုံးခဲ့သည့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာတို့မှ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးမှုတွင် ဝါးထရံကာအိမ်၊ တစ်ထပ်ပျဉ်ထောင်အိမ်၊ နှစ်ထပ်ပျဉ်ထောင်အိမ်၊ တိုက်ခံအိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ၄၁၃ လုံး၊ လုံးဝပျက်စီး ၂၇၂ လုံး၊ စုစုပေါင်း ၆၈၅ လုံး ရှိကြောင်း၊ အဆိုပါပျက်စီးသည့် နေအိမ်များအတွက် သွပ်၊ သံ၊ ဘိလပ်မြေများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများမှ နေ့စဉ်လာရောက်ထုတ်ယူလျက်ရှိကြောင်းသိရသည်။

ထောက်ပံ့ပစ္စည်းများကို တံတားဦးမြို့ အမှတ်(၂)ရပ်ကွက်၊ ဆုံကုန်းရပ်ရှိမြို့နယ်ခန်းမ၌ သွပ်နှင့်ဘိလပ်မြေများကိုလည်းကောင်း၊ သံများကို ချမ်းသာကြီးမြတ်စွာဘုရားပရိဝုဏ်အတွင်း၌ လည်းကောင်းထားရှိပြီး ပစ္စည်းများအဝင်အထွက်စာရင်းများကို စနစ်တကျမှတ်တမ်းပြုစုထားရှိ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)