ကျောက်တန်း ဖေဖော်၀ါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာယာရပ်ကွပ် ဓမ္မာရုံ၌ ယနေ့မွန်းလွဲပိုင်းက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာဇီဝလုံခြုံမှု အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကျောက်တန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးထွန်းမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများ၊ ဇီဝလုံခြုံမှုနှင့်လုပ်ဆောင်ရမည့်အချက်အလက်များ ရှင်းလင်းဆွေးနွေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော မွေးမြူသူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ အသိပညာပေးဟောပြောပွဲသို့ ရပ်ကွက်များမှ ရပ်ကွက်သူရပ်ကွက်သား ၃၀ ဦး တက်ရောက်ခဲ့ကြသည်၊၊
နေလင်းကျော် (ပြန်/ဆက်)