(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား သုံးခွမြို့၌ ကျင်းပ

သုံးခွ ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာပေါင်းစုံ အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်လုပွဲကို မြေစာရင်းအသင်းနှင့် ပျဥ်းမကန်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ပျဥ်းမကန်အသင်းက အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းရာ ပထမဆုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ဖြိုးမောင်မောင်ဦးကလည်းကောင်း၊ ဒုတိယဆုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးမိုးကလည်းကောင်း၊ တတိယဆုကို မီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင်ကလည်းကောင်း၊ နှစ်သိမ့်ဆုကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအားကစားမှူး ဦးခုပ်စွမ်းခိုင်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီအချိန်မှ ညနေ ၃ နာရီအချိန်ထိ အုပ်စုပတ်လည်အသင်း ၈ သင်းဖြင့် ယှဥ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)