ထန်းတပင် ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က အောင်သုခရပ်ကွက်အတွင်းရှိ နေအိမ်များတွင် တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံစစ်ဆေးခဲ့သည်။
အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ရဲမင်းခန့်အောင်နှင့် ဝန်းထမ်းများက ပြည်သူများအနေဖြင့် လိုက်နာရန် အချက်များဖြစ်သည့် အိမ်တိုင်းတွင် တောင့်တင်းခိုင်မာသော မီးချိတ်မီးကပ် သဲပုံး ရေပုံး အသင့်ထားရှိရန် မီးဖိုအား မီးလောင်မလွယ်ကူသော သွပ်ပြား သံပြား အုတ်တို့ ဖြင့်စနစ်တကျခင်း၍ အသုံးပြုရန် မီးဖိုအသုံးပြုတိုင်း လူစောင့်အမြဲထားရှိရန်နှင့် မီးကြွင်းမီးကျန်များကို စနစ်တကျ ငြိမ်းသတ်ရန် မီးဖိုအနီးလောင်စာဆီနှင့် လောင်စာပစ္စည်းများမထားရန် နေအိမ်ခြံဝန်းအတွင်း အမှိုက်များရှင်းလင်းထားရန် ဝါယာကြိုးများ ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများကို အသစ်လဲလှယ်အသုံး ပြုရန်စသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားချက်နှင့်အညီ တပ်ဆင်ထားရှိရေးတို့ကို အသိပညာပေးခြင်းနှင့် လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)