ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝိုင်းမော်မြို့ ရွှေမိုးတောင်စေတီတော်၌ နယုန်လပြည့်နေ့ မဟာသမယအခါတော်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ပြည်နယ်အတွင်း Biographic နှင့် Biometric အချက်အလက်များ ကောက်ယူနိုင်ရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၃ ခုနှစ် (သာသနာနှစ် ၂၅၆၇ ခုနှစ်) မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃာ့ဒါနဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇွန် ၂ ရက် (ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန် လပြည့်နေ့) နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် ရွှေမိုးတောင် စေတီတော်မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။