မိုးညှင်း ဇွန် ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ဇွန်လ(၁)ရက် နံနက်ပိုင်းမှစတင်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများအား စိတ်အေးချမ်း မြေ့စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်ရာတွင် မိုးညှင်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များအတွက် ပညာသင်ခွင့်ရရှိရေးအတွက် ဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း (၂၀၂)ကျောင်းရှိသည့်အနက် အထက ၂၀ ကျောင်း၊ အထက(ခွဲ) ၁၀ ကျောင်း၊ အလက ကိုး ကျောင်း၊ အလက(ခွဲ) ၂၀ ကျောင်း၊ မူလွန် ၁၈ ကျောင်း၊ အမက ၁၁၆ ကျောင်း၊ အမက(ခွဲ) လေး ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း နှစ်ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း (၁၉၉)ကျောင်းတို့မှ ကျောင်းသား ကျောင်းသူများအား စိတ်အေးချမ်းမြေ့စွာဖြင့် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)