တနိုင်း ဇွန် ၂
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ယနေ့ ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ကျောင်းစတင်တက်ရောက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ (၂၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။
တနိုင်းမြို့နယ်တွင် အခြေခံပညာကျောင်း (၃၆) ကျောင်းနှင့် ဘကကျောင်း (၃) ကျောင်း ဖွင့်လှစ်သင်ကြားလျှက်ရှိရာ မူလတန်းအဆင့် (၈၁၀၄) ဦး အလယ်တန်းအဆင့် (၂၃၇၄) ဦး၊ အထက်တန်းအဆင့် (၃၉၆) ဦး ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၀၈၇၄) ဦး အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ ခရိုင်ပညာ ရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ထွန်း(တနိုင်း)