တနိုင်း ဇွန် ၂
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ အသက်မွေး၀မ်းကျောင်း အထောက်ကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၁)ရက် နံနက် (၉) နာရီက တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုခဲ့လုပ်သည်။
အခမ်းအနားတွင် တနိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်နိုင်ညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် အသက်မွေး၀မ်းကျောင်းအထောက်ကူပြု အခြေခံစက်ချုပ်သင်တန်းကို ဒေသအလိုက်ကိုက်ညီမူရှိပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ပညာကိုကြိုးကြိုးစားစား သင်ယူသင့်ကြောင်း ပြောကြားခဲ့ပြီး တနိုင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်မျိုးက အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြဆရာမအား တာဝန်ရှိသူမျးက သင်တန်းတွင်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ရင်ဖုံး၊ ရင်စေ့၊ သင်္ဘောသားကျားဝတ်၊ သုံးလွှာထမိန်စကပ်၊ ချိတ်ထမိန်စကပ်၊ ရိုးရိုးပုဆိုး၊ ထမိန်ချုပ်နည်းများ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဇွန်လ(၁)ရက်န့မှ (၃၀) ရက်န့အထိ (၁)လကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ထွန်း(တနိုင်း)