မချမ်းဘော ဇွန် ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပူးပေါင်းဆွေးနွေးတတ်သ၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ အောင်မြတ်စည်သူရေးသားထားသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၏ အောင်မြင်မှု လှေကားထစ်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လည် ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး ဘဝအောင်မြင်ပျော်ရွှင်မှုရရှိရန် မိမိကိုယ်ကို ယုံကြည်မှုခေါင်းစဥ် ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်အိန်နူးက ပျော်ရွှင်ခြင်းဟူသော ပထမအဆင့်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးယော်စတိန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း ၊(Book Club) အဖွဲ့ဝင် ဒေါ်ဘန်ဆားရ်ထီးရမ်က သင့်စိတ်သင့် အလိုရှိရာခေါင်းစဥ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးကြပြီး (Book club) အသင်းဝင် ဒေါ်အေးမွန်က အဖွဲ့ဝင်များ၏ ဆွေးနွေးမှုအပေါ် ၄င်း၏အမြင်နှင့် ယူဆချက်များ ကိုဖြည့်စွက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)