မြစ်ကြီးနား ဇွန် ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ သာယာပျော်ရွှင်စွာ တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၁၆၅) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၃၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာကျောင်း (၄) ကျောင်း ရှိရာ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၃၃၆၉) ဦး ကျောင်းအပ်နှံ တက်ရောက်လျက်ရှိကြေင်းနှင့် (ယခင်နှစ်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၆၇၁၅)ဦး တက်ရောက် ပညာသင်ယူနိုင်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရှိရသည်။
မြစ်ကြီးနားမြို့နယ်ရှိ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိရေး မြို့နယ် ပညာရေးမှူးရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအဖြစ် မေလ (၂၃)ရက်မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ကျောင်းတက်ရောက် မှု (၉၄ ဒဿမ ၁) ရာခိုင်နှုန်း ကျောင်းအပ်နှံတက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးရုံးမှသိရသည်။
ခရိုင်(ပြန်/ဆက်)