မြစ်ကြီးနား ဇွန် ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ လူငယ် ရေးရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ငုချိုချိုကျော်က ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြား ပြီး လူငယ်လူရွယ်များ လူမူရေး၊ စီးပွားရေး၊ပညာရေး၊ အားကစားနှင့် ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်မြင်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)မှ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံလူငယ်လူရွယ်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစ်ကြီးနားမြို့ (Community Centre) နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ရှေးလုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)