မြစ်ကြီးနား ဇွန် ၂
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၃ ခုနှစ် (သာသနာနှစ် ၂၅၆၇ ခုနှစ်) မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃာ့ဒါနဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇွန် ၂ ရက် (ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန် လပြည့်နေ့) နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် ရွှေမိုးတောင် စေတီတော်မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မဟာသမယအခါတော်နေ့ အခမ်းအနားကို စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားလွှတ် တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် ဇနီး၊ တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက် ဒုတိယနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက မဟာသ မယအခါတော်နေ့ ကျင်းပရခြင်းနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး၊ သံဃာတော်များ ဦးဆောင်၍ မဟာမယသုတ်ပါဠိတော်များ ရွတ်ဖတ်ပွားများ ချီးမြှင့်တော်မူကြကာ အရပ်ဆယ်မျက်နှာ ဒီသာဖရဏမေတ္တာပွားနည်းဖြင့် မေတ္တာပွားများကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှ ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်း လိုက်ကြသည်။
ဆက်လက်၍ သံဃာ့ဒါနဆွမ်းသပိတ်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက် လက်ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံအလှူရှင်များက ဘုရားအမှူးပြုသော ဆရာတော်/ သံဃာတော်များနှင့် သီလရှင်ဆရာလေး စုစုပေါင်းအပါး (၁၅၀၀)တို့အား သံဃာ့ဒါနဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများကို သတ်မှတ်နေရာအသီးသီးတွင် လောင်းလှူပူဇော်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ Biographic နှင့် Biometric အချက်အလက်များ ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံ တင်ခြင်း(e-ID)ဆိုသည်မှာ နိုင်ငံအတွင်း နေထိုင်သူအသက်(၁၀)နှစ်အထက်နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအမြဲနေ အခွန်ဆောင်နိုင်ငံခြားသားများ၏ Biographic Data နှင့် Biometric Data များကို ကောက်ယူ၍ Database အတွင်း သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် UID နံပါတ် သတ်မှတ်ပေးကာ ဥပဒေအရ အသိအမှတ်ပြု မှတ်ပုံတင်ထားသည့် ကတ်ပြားထုတ်ပေးခြင်းဖြစ်ပါ ကြောင်း၊ e-ID စနစ်ကို နိုင်ငံအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊ Biometric အချက်အလက်များ ကောက်ယူနိုင်ခြင်းကြောင့် နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုအပိုင်းများတွင် ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်မည်ဖြစ်သလို လူမှုဘဝ များအတွက် အရေးကြီးသည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး၊ လုပ်ငန်းဆောင် တာအဝဝတို့ကို ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တာဝန်ရှိ သူများအနေဖြင့် အချက်အလက်များ ကောက်ယူနိုင်ရေး မိမိတို့အခန်းကဏ္ဍအလိုက် အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းရဲထွန်းက Biographic နှင့် Biometric အချက်အလက်များ ကောက်ယူ ရသည့် ရည်ရွယ်ချက်များ၊ ပြည်နယ်အတွင်း ဦးတည်အုပ်စုအလိုက် ကောက်ယူသွားမည့် အစီအမံများနှင့် ကောက်ယူမည့် လုပ်ငန်းစဉ်များ၊ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ၊ ဇီဝအချက် အလက်များ ကောက်ယူနိုင်ရေး သင်တန်းများ ဖွင့်လှစ်သွားမည့်အစီအမံများ၊ ရရှိနိုင်သည့် အကျိုး ကျေးဇူးများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြော ကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)