မိုးညှင်း ဇွန် ၂
ထိုသို့ လက်ခံဆောင်ရွက်ပေးရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒုတိယပညာသင်ကာလနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမပညာသင်ကာလမှ ကျောင်းသားကျောင်းသူများကို ကျောင်းအပ်လက်ခံ ပေးလျက်ရှိရာ ပထမနှစ်တွင် ကျောင်းသား/သူ (၃၁၅)ဦး၊ ဒုတိယနှစ်တွင် ကျောင်းသား/သူ (၂၁၈)ဦး၊ တတိယနှစ်တွင် ကျောင်းသား/သူ (၁၅၄)ဦး၊ စတုတ္ထနှစ်တွင် (၁၉၆)ဦး၊ ဂုဏ်ထူးတန်း(ပထမနှစ်)တွင် ကျောင်းသား/သူ (၄၄)ဦး၊ ဂုဏ်ထူးတန်း(ဒုတိယနှစ်)တွင် ကျောင်းသား/သူ (၅၄)ဦး၊ ဂုဏ်ထူးတန်း (တတိယနှစ်)တွင် ကျောင်းသား/သူ (၁၉)ဦး၊ မဟာအရည်ချင်းစစ်တွင် ကျောင်းသားကျောင်းသူ (၁၀)ဦး၊ မဟာဘွဲ့(ပထမနှစ်)တွင် ကျောင်းသား/သူ (၄၄)ဦးနှင့် မဟာဘွဲ့(ဒုတိယနှစ်)တွင် ကျောင်းသား/သူ (၂၄)ဦး စုစုပေါင်း ကျောင်းသားကျောင်သူ (၁၀၇၈)ဦးထိ ကျောင်းအပ်လက်ခံ ထားရှိပြီး ကျန်ရှိနေသေးသည့် ကျောင်းသားကျောင်းသူများကို ဆက်လက်လက်ခံပေး လျက်ရှိကြောင်းနှင့် ကျောင်းသားကျောင်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားကြလျက် ရှိကြောင်း မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ်ထံမှသိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)