ကချင်ပြည်နယ်

တနိုင်းမြို့ အခြေခံပညာမူလတန်းလွန်- ပုန်ခုန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက အခြေခံပညာ မူလတန်းလွန်- ပုန်ခုန်းကျောင်း တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၏ ဝါလကင်းလွတ်အခါသမယ သီတင်းကျွတ်လပြည့်ကျော်(၅)ရက် တစ်မူထူးခြားသည့်ဓလေ့ တောင်ပေါ်ဘုရားဖူးနေ့ ဘုရားဖူးသူများ စည်ကား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၏ မြို့ဓလေ့ တောင်ပေါ်ဘုရားဖူးနေ့ဖြစ်သည့် သတင်းကျွတ်လပြည့်ကျော် (၅)ရက် ယနေ့တွင် တောင်ပေါ်ဘုရား ဖူးသူများစည်ကား လျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့၌ မွေးစမှအသက်၂ နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက် (၂)နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်း(မြို့မ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်း(မြို့မ)ကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နယ်လှည့်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အဆိုပါကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မချမ်းဘောမြို့နယ် ကောင်းမှုလုံစေတီတော်ပရဝုဏ်အတွင်း၌ ပူတာအိုခရိုင်လုံးဆိုင်ရာ သံဃာ့ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ပူတာအိုခရိုင်အတွင်း နှစ်စဥ်ကျင်းပလျက်ရှိသော ပူတာအိုခရိုင်လုံးဆိုင်ရာသံဃာ့ပူဇော်ပွဲကို ယနေ့သာသနာတော်နှစ် ၂၅၆၇ ခု၊ ကောဇာသက္ကရာဇ်၁၃၈၅ ခုနှစ်သီတင်းကျွတ်လပြည့်ကျော်၃ရက် ယမန်နေ့တွင် ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံစေတီ တော်မြတ်ကြီးပရဝုဏ်အတွင်းရှိ တေဇသာလာဓမ္မာရုံ၌ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး၊ ရထားခရီးစဉ်တွင် လိုက်ပါစီးနင်း၍ ဘူတာစဉ်တစ်လျှောက် ကြိုဆိုနှုတ်ဆက်ကြသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှု

မြန်မာပြည်အလယ်ပိုင်းနှင့် မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်တို့အတွက် ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားရေးလုပ်ငန်းတွင် အဓိကအားထားရသော မီးရထားပြေးဆွဲခြင်းကို (၂)နှစ်ကျော်ကြာ ရပ်နားထားခဲ့ပြီး ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနား - မန္တလေးလမ်းပိုင်းရှိ မိုးကောင်း - မြစ်ကြီးနား - မိုးကောင်း ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားဘူတာရုံ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ချစ်ကြည်စည်းလုံးမှုရှိစေရန်နှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနအချင်းချင်း ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်စေရန် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သော ၂၀၂၃ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃၁ ရက် ညနေ ၂ နာရီခွဲက ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌  ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်များ ဉာဏစွမ်းရည်တိုးတက်စေရန် စက္ကူ‌ခေါက်ပြိုင်ပွဲကို  ယနေ့နံနက် ၁၁ နာရီခွဲက ကျောင်းသားလူငယ်များဖြင့် ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမူရေးပင်စင် ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် ၂၀၂၃-၂၄ ဘဏ္ဏာရေးနှစ် လူမှု၀န်ထမ်းဦးစီးဌာန၏ ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ရန်ပုံငွေဖြင့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်းအောင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟုန်းဘူ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ယနေ့နံနက် ၁၀ နာရီတွင် အဘိုးအဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ ၂၀၂၃-ခုနှစ် မိုးစပါး ဆင်းဧကရီ-၃ စံကွက်ရိတ်သိမ်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၃-ခုနှစ် မိုးစပါး ဆင်းဧကရီ-၃ စံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ပူတာအိုမြို့နယ်၊ပူတောင်းကျေးရွာ ကွင်းအမှတ်(၃၂) ဦးပိုင် အမှတ်(၇၁) တောင်သူ ဦးအဂူးဒီး၏ လယ်မြေနှစ်ဧက၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်