မချမ်းဘော နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက် (၂)နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် မွေးစမှ(၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့်တစ်နှစ်ခွဲ ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောင်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိပ်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ခြင်းများဆောင်ရွက်ခြင်း၊ ပေါင်ချိန် ချိန်ခြင်းနှင့် ကလေးငယ်များအား အသက်အရွယ်အလိုက်ကျွေးမွေးရမည့် အာဟာရစနစ်တကျ ကျွေးမွေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကိုပါ တစ်ပါတည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)