မိုးမောက်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမူရေးပင်စင် ထောက်ပံ့ပေးအပ်

မိုးမောက် နိုဝင်ဘာ ၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် ၂၀၂၃-၂၄ ဘဏ္ဏာရေးနှစ် လူမှု၀န်ထမ်းဦးစီးဌာန၏ ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ရန်ပုံငွေဖြင့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်းအောင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟုန်းဘူ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ယနေ့နံနက် ၁၀ နာရီတွင် အဘိုးအဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မိုးမောက်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့ အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေးပင်စင်ထောက်ပံ့ရန် အကျိုးခံစားခွင့်ရှိသူများ စုစုပေါင်း ၂၁၇ ဦးအတွက် တစ်ဦးလျှင်ကျပ် ၃၀၀၀ဝိ/-ကျပ်နှုန်းဖြင့် အဘိုးအဘွားများ လက်၀ယ်ထံသို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်